အခန်း ၁၆။

Bắt đầu từ đầu
                                    

" လမရင့်သေးရင် ကလေးကိုဖျက်ချလို့ရတယ်မဟုတ်လား "

" ဘယ်လို "

ချွင်ခနဲပြုတ်ကျသွားသည့် ဓားလေးသည် စားပွဲပေါ်တွင်ငြိမ်သက်ကာထိပ်ဖျား၌ သွေးစလေးများကပ်ငြိနေလေသည်။

" မေမေ လက်ထိသွားပြီ "

အနားသို့ခပ်သွက်သွက်တိုးသွားပြီးမှ မေမေ့လက်တွေကိုဆုပ်ယူကိုင်ကာ သွေးစများကိုငုံထွေးဆုပ်ယူလိုက်သည်။ သို့သော် မေမေကသူ့အား ခံတွင်း၌ပင်အငုံမခံ လက်ကိုဆတ်ခနဲခါချကာစူးစူးဝါးဝါးကြည့်ချေ၏။

" မဟာမြတ်သူ ငါမင်းကိုဘယ်လိုပျိုးထောင်မိခဲ့တာလဲ "

" မေမေ! "

" မင်းဘယ်လိုတောင်ရူးမိုက်တာလဲ "

" မဟုတ်ဘူး မေမေ ကျွန်တော် "

" မင်းသားကြီးဆုံးကတည်းက မင်းကိုပဲအားကိုးအားထားပြုခဲ့ရတယ်ဆိုပေမဲ့ သန်မာတဲ့ယောက်ျားက ကိုယ်ချင်းစာတရားခေါင်းပါးဖို့မဟုတ်ဘူး မဟာမြတ်သူ! "

" မေမေ "

" မင်းဖအေဘက်က ယောက္ခမတော်က မင်းကိုယ်ဝန်ဖြစ်တဲ့ ဒုတိယကိုယ်ဝန်ကို မလိုချင်ဘူးဖျက်ချခိုင်းတုန်းက ငါမင်းးကိုဘယ်လိုတောင်မွေးခဲ့ရလဲ ဒါတွေမင်းသိပါလျက်နဲ့ ဒီစ​ကားပြောထွက်သလား ကောင်လေး "

" ကျွန်တော် မလိုချင်ဘူးလေ "

ဖြောင်း!

" မိုက်လိုက်တဲ့သား! "

ချာခနဲလည်ထွက်သွားသောခေါင်းနှင့် မယုံနိုင်ခြင်းကြီးစွာဖြင့် မိခင်ကိုမော့ကြည့်မိသည်။ မေမေကတုန်တုန်ယင်ယင်ဖြင့်တရှိုက်ရှိုက်ငိုကာရှိနေလေသည်။

" မေမေ ကျွန်တော် "

" မင်းကိုဘာလို့နိမိတ်ရှိန်ဝါနဲ့စီစဥ်ခဲ့သလဲ သခင်ကြီးကိုမေးရင်ပိုသိပါလိမ့်မယ် "

" မဟုတ်ဘူးမေမေရယ် ကျွန်တော် "

" ဒီမယ် ဒီထဲကသက်ရှိက မင်းဆီကိုလာချင်ပါတယ်လို့မတောင်းဆိုခဲ့သလို ခေါ်ထားဖို့လည်းမပြောတတ်သေးတဲ့ ဝိဉာဥ်အပိုင်းအစတစ်ခုပါ မင်းဒါမှမပျိုးထောင်နိုင်ရင် crown ကိုစွန့်လွှတ်လိုက် မဟာမြတ်သူ ၊ မင်းအရည်အချင်းနဲ့ crownက မတန်ဘူးဆိုတာ ဒါကသက်သေပဲ "

The Crown ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ