အဲဒီပဲ့ကိုင်ရှင်လေးကို lollipop လေးသဖွယ်ငုံထွေးပြီး အားရပါးရစုပ်ယူပစ်ချင်တာ။ ဘာအရသာများဖြစ်မလဲကွာ။ သူ့ရင်ခုန်သံတွေမြန်နေတုန်း ရေကြည်အိုင်နံဘေးမှာ ကျီးခြေရာလေးတွေပေါ်လာပြီး နီထွေးထွေးနှုတ်ခမ်းပါးတွေကလှစ်ဟလာကာ ကြွေဖြူရောင် ယုန်သွားလေးတွေကဖျတ်ခနဲပေါ်လာသည်။
ရိပေါ်ရဲ့အသည်းနှလုံးလေးက ရိပေါ်ကိုရယ်ပြနေတာပဲ။ ကိုယ်တော့ရူးတော့မယ်ထင်တယ် ရှောင်းကျန့်ရာ။ ရယ်နေလိုက်တာများ ပီဘိကလေးငယ်လေးလိုပဲ။ နှုတ်ခမ်းပါးလေးကညှို့ချက်ပြင်းသလောက် အပြုံးလေးကဖြူစင်လွန်းနေတော့ မေ့မေ့မူးမူးဖြစ်ချင်နေတဲ့ရင်ခုန်သံပြင်းပြင်းတွေကတစ်ဖက် မထိရက်မတို့ရက်တဲ့ အဖြူထည်စိတ်ကတစ်ဖက်နဲ့ ရိပေါ်တစ်ယောက်လမ်းပျောက်နေပါရော။
တကယ်တော့ထိခွင့်တို့ခွင့်လည်းရှိမနေပါဘူး။ လက်တောင်ကိုင်ခွင့်မပေးပါ။ ဒီလိုကျောင်းဝန်းထဲမှာ ဘေးကနေမော်ဖူးခွင့်ပေးတာတောင် ဒီကောင်ကံကောင်းလွန်းလို့ပါပဲ။ ချစ်သူဖြစ်တာ တစ်လနီးပါးကို နှစ်ယောက်တည်းတွေ့ခွင့်ရချိန်က ရှိကိုရှိမနေတာ။ ထားလိုက်ပါ... ဒါတွေကအရေးမကြီးပါဘူး။ အရေးကြီးတာက ရှောင်းကျန့်ဟာ သူ့ချစ်သူဖြစ်နေဖို့ပါပဲ။
အနားရောက်လာတဲ့ချစ်သူလေးရဲ့လက်ထဲ သူ့အကြိုက် green tea ဘူးလေးထည့်ပေးလိုက်သည်။ ရိပေါ်တစ်ယောက် နေ့တိုင်းလာစောင့်နေတယ်ဆိုတာ ခုလိုမျိုး ရေပူရေချမ်းကမ်းချင်လို့လေ။ တစ်ခါတလေလည်းသူစားချင်တာလေးတောင်းဆိုတတ်သေးတာ။
အခုလည်း နောက်နေ့ ice cream လေးဝယ်ကျွေးပါလို့ပြောလာပုံလေးက ကြိုးလေးနဲ့သီပြီးလည်ပင်းမှာတောင်ဆွဲထားလိုက်ချင်စိတ်ပေါက်တယ်။ ကိုယ့်အတွေးကိုယ်သဘောကျရင်း ချစ်သူလေးနဲ့အတူယှဉ်တွဲကာ Anthropology ဘက်ကို ခပ်ဖြည်းဖြည်းလျှောက်လာခဲ့ကြသည်။
ရှောင်းကျန့်ကို အတန်းထဲရောက်အောင်လိုက်ပို့ပေးပြီး အနားမှာနေဖို့ကြံရွယ်ထားသော်လည်း ကိုယ့်အတန်းကိုယ်ပြန်ပြီး ဘယ်စာသင်ချိန်မှအလွတ်မခံရဟူသောတစ်ချက်လွှတ်အမိန့်ကြောင့် ရွှေမင်းသားလေးအလိုကျသူ့ဆန္ဒတွေကတော့ဘေးရောက်ခဲ့ရပြီး လူကတော့စာသင်ခန်းထဲရောက်လို့သွားရသည်။
YOU ARE READING
ချစ်ခြင်းဖွဲ့သီ... ဥယျာဉ်ဆီ (Love Garden) (Hiatus)
Fanfictionကိုယ့်လောက် မင်းကို ဘယ်သူမှမနာကျင်စေဘူး။ ဒါပေမဲ့ ကိုယ့်လောက်လည်း မင်းကို ဘယ်သူမှချစ်မပေးနိုင်ဘူး။ ကိုယ့ျလောကျ မငျးကို ဘယျသူမှမနာကငြျစဘေူး။ ဒါပမေဲ့ ကိုယ့ျလောကျလညျးမငျးကို ဘယျသူမှခစြျမပေးနိုငျဘူး။
Part-11
Start from the beginning