သူမရဲ့ သမီးအကြောင်း စုံစမ်းမေးမြန်ခြင်း

Start from the beginning
                                    

“သူ့သမီးအကြောင်းကို စုံစမ်း!၊ သူ့သမီးကို လူမြင်ကွင်းမှာတော့ ခေါ်သွားဖူးတယ် မဟုတ်လား ရအောင် စုံစမ်းခဲ့!!"

သူမက သူ့သမီးကို ပြဖို့ ငြင်းဆိုလိုက်တဲ့အတွက် Justin က အနည်းငယ်တော့ စိတ်အနှောက်အယှက် ဖြစ်သွားတယ်။ တခြားအခ်ျန်တွေဆိုရင်တော့ သူ လှည့်ထွက်သွားလိမ့်မည်။  သို့သော် အခုတစ်ကြိမ်တွင်တော့ သူ သူတို့ရဲ့ နောက်သို့ လိုက်သွားခဲ့သည်။

Sean: “…”

Nora ထို စကားဝိုင်းနားသို့ ရောက်သောအခါ Simonရဲ့ မျက်နှာသည် အလွန် စိတ်တိုနေပုံပေါ်သည်။ တစ်ဖက်လူသည် အသက်၄၀ကျော် ၅၀လောက်ရှိသည့် အမျိုးသားတစ်ယောက်ဖြစ်ပြီး ထိုသူက သူ့ကို ‌နာကျင်စေပြီး ရှက်စေသော စကားများကိုသာ ရိုင်းပြစွာ ပြောဆိုနေသည်။

“… Simon ၊Andersonမိသားစုနဲ့ ငါတို့ ဒီနှစ်တွေအတွင်း စီးပွားရေး လုပ်ခဲ့ကြတယ်ဆိုတာ ငါတို့မိသားစုကြားက ခင်မင် ရင်းနှီးမှုကြောင့် ပဲလေ "

“အချိန်နဲ့ အခြေအနေတွေက မတူတော့ဘူး။  Anderson မိသားစုဖြစ်တဲ့ မင်းတို့ဘက်က ထုတ်တဲ့ ဆေးနဲ့ အခု Myerseမိသားစုဘက်က ထုတ်တဲ့ ဆေးတွေက ဘယ်လိုမှ နှိုင်းယှဉ်ကြည့်လို့တောင်မရဘူး။ အဲလိုပဲ စီးပွားရေး လုပ်တဲ့နေရာမှာလဲ အမြဲတမ်း ခင်မင်ရင်းနှီးမှုဆိုတာကိုပဲ အမြဲအားကိုးနေလို့ မရဘူးလေ။ "

Melissa သည် သူမ၏ လက်သီးများကို ဆုပ်ထားသည်။  သူမသည် Noraဘက်လှည့်ကာ ‌ရှင်းပြသည်။

“သူက တိုင်းရင်းဆေးခန်းမရဲ့ လက်ထောက်ဌာနမှူးပဲ။  သူ့ရဲ့ နောက်ဆုံးနာမည်က Lucasတဲ့။  Harmonia Pharamacyက ဆေးဝါးဖော်မြူလာတွေက သမီးအမေ အရင်က စစ်ဆေးပြီး အာနိသင်တွေ ထပ်တိုးပေးထားခဲ့လို့ အဲ့ဆေးတွေက အမြဲထိရောက်မှုရှိခဲ့တယ်။ "

“အဲ့တုန်းကတော့ သူတို့က ငါတို့ရဲ့ ထုတ်ကုန်တွေကို ‌သူတို့ဆိုင်မှာ တင်ရောင်းဖို့ဆိုပြီး စီးပွားရေး ဆက်ဆံမှုတွေ လုပ်ခဲ့ကြတာ အခုကျတော့ သူတို့က ငါတို့ Andersonက သူတို့နဲ့ စီးပွားရေးတွေလုပ်နေတာ ခင်မင်မှုကြောင့် ဆိုပြီး ဘယ်လိုတောင် ပြောထွက်နိုင်ရတာလဲ "

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now