ကျွန်မ သမီးက သူ့အဖေနဲ့တူတယ်

Start from the beginning
                                    

Noraသည် အံ့အားသင့်သွားပြီး ခေါင်းကိုမော့ကာ အပေါ်ကိုကြည့်လိုက်တော့  အသက် 30 ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်သည်။  သူမ၏ဆံပင်ကောက်ကောက်များက သူမ၏ပခုံးပေါ်တွင် ခွေကျနေပြီး စီးပွားရေးနယ်ပယ်က ကဲ့သို့  ဝတ်စုံကို ၀တ်ဆင်ထားသည်။

သူမ မျက်မှောင်ကြုတ်လိုက်သည်။  တခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမက "မင်းကရော?"

Tina York က မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။  သူတို့နှစ်ယောက် အရင်က ဆေးရုံမှာ ဆုံဖူးပေမယ့် တကယ်တော့ သူမကို မသိဟန်ဆောင်နေတာပါ...

သို့သော် ထိုအချိန်တွင် Justin သည် ဆရာဝန်ငယ်တစ်ဦးကို အဘယ်ကြောင့် ခေါ်ဆောင်လာသနည်းဟု သူမ တွေးနေမိသည်။  သဲသဲမဲမဲ အများအပြားစဉ်းစားပြီးနောက် သူမသည် အမှန်တကယ်ပင် Andersonမိသားစုဘက်မှ ဆင်းသက်လာခဲ့သူ ဖြစ်သည်။

Anderson များသည် တနေ့တခြား တဖြည်းဖြည်း ကျဆင်းလာသည်။  ၎င်းတို့သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဖော်မြူလာများကိုသာ အားကိုးပြီး ၎င်းတို့အပေါ် အခြေခံသည့် ဆေးဝါးများကို ရောင်းချခဲ့ကြသည်။  သူတို့သည် သူတို့ရဲ့ အဆုံးမှာ ရှိနေပေမဲ့  မစ္စစ်Huntကို သူမက ခွဲစိတ်ပေးခဲ့သည်။  ထို့ကြောင့် သူတို့က ‌အကျိုးကျေးဇူးများ များစွာရမည်ဖြစ်သည်။ 

ကံမကောင်းစွာပဲ၊ ထို အကျိုးကျေးဇူးများ အားလုံး သူမ အစား သူမ(Tina) ဆီရောက်သွားခဲ့သည်။

ထိုသို့တွေးလိုက်သောအခါတွင် သူမ၏ မကျေနပ်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။  သူမက ပြုံးပြီး ကြင်နာတဲ့ပုံစံနဲ့ ပြောသည်။

“လူတိုင်းက ဒီမှာ ထူးခြားကြတာပါပဲ။  Andersonက ဖိတ်စာမရရှိခဲ့တော့ ၊ မင်းဒီမှာ ဇွတ်အတင်းလုပ်မယ်ဆိုရင် မင်းပုံရိပ်အပေါ်  ကောင်းခြင်းတွေ ရောက်လာမှာ မဟုတ်ဘူး…”

သူမထံမှ ထို စကားကို ကြားသည်နှင့် တန်းစီနေကြသော လူတိုင်းက အသံတိုးတိုးဖြင့် မှန်းဆကြည့်ကြတော့သည်။

“ကောင်းလိုက်တာ၊ Andersonတွေက သူတို့ရဲ့ ဖိတ်ကြားစာကို မေ့သွားခဲ့တာလို့ ထင်ခဲ့တာ၊ ဒါပေမယ့် အမှန်က သူတို့ တစ်စောင်မှ မရခဲ့တာပဲ”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now