အပိုင်း(၂၁)Uni

Start from the beginning
                                    

"Bossရယ်စိတ်လျှော့ပါဒါတွေအားလုံးပြေလည်သွားမှာပါ...သြော်
ဒါနဲ့ဒေလီယာကCompanyကရှယ်ယာတစ်ဝက်ခိုးထားတယ်Boss"

"ဘာ...သူကပါတနာဖြစ်ရတာမကျေနပ်သေးဘူးလား..ဘာလဲCompanyတစ်ခုလုံးအပိုင်းသိမ်းမလို့လား..တောက်စ်.."

"Bossကျွန်တော်ရဲခေါ်ပြီးဖမ်းခိုင်းလိုက်ရမလား.."

"မလုပ်နဲ့ဦး...သူ့အကြောင်းသာသေချာစုံစမ်းလာခဲ့..အခုချက်ချင်းရဲခေါ်လိုက်ရင်လူကြီးတွေမျက်နှာပျက်စရာဖြစ်ကုန်မယ်....ပြီးတော့သူကxxx Company ရဲ့သမီး..ရဲတွေကသူ့လက်အောက်မှာပဲရှိနေတာ...."

"ဟုတ်ကဲ့ပါbossကျွန်တော့်တပည့်တွေကိုလည်းသူ(မ)နေတဲ့နိုင်ငံခြားကိုစုံစမ်းဖို့လွှတ်ထားပါတယ်.."

"ကောင်းပြီးအောက်ဆင်းကြရအောင်"

ထိုသို့ပြောပြီးမြတ်မင်းပိုင်ရှေ့ကနေခပ်သွက်သွက်သွားကာအနောက်ကလည်းနန္ဒလိုက်ပါလာ၏။အောက်ထပ်သို့ဆင်းပြီးမြတ်မင်းပိုင်ဧည့်ခန်းထဲသွားကာဒေလီယာနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။

"သားရယ်လာတာနောက်ကျလိုက်တာ..လူကြီးတွေကိုအားနာစရာကြီး"

ဒေါ်သူဇာ မြတ်မင်းပိုင်သို့ပြောလိုက်ခြင်းပင်။
ဒေါ်သူဇာဘေးမှာထိုင်နေတဲ့ဦးမြတ်မင်းကလည်းစိတ်မကောင်းပေ။နန္ဒလည်းမြတ်မင်းပိုင်ဘေးနားမှာရပ်ပြီးသူ့Bossအစားစိတ်မကောင်းဖြစ်နေတော့သည်။

ထိုအချိန်ရှေ့နေလည်းဝင်ပြောတော့၏။

"ကဲဒါဆိုလက်မှတ်ထိုးလိုက်ရအောင်ဗျာ..."

မြတ်မင်းပိုင်လည်းစာချုပ်ကိုယူကာစာတွေအားလုံးဖတ်လိုက်သည်။ဒေလီယာလည်းထိုနည်းတူပင်။ဒေလီယာကတော့ဘာမှတွေဝေခြင်းမရှိဘဲလက်မှတ်ထိုးလိုက်၏။မြတ်မင်းပိုင်ကတော့ဘောပင်ကြီးကိုင်ကာတွန့်ဆုတ်"ဖြစ်နေတော့သည်။

ငယ်..ကိုတောင်းပန်ပါတယ်..ကံစီမံအတိုင်းကနေရဦးမှာပဲ..ကို့ကိုခွင့်လွှတ်ပေးပါ...ကိုဟာငယ့်တစ်ယောက်တည်းကိုပဲလက်ထက်မှာ...ငယ့်ကိုပဲချစ်ခဲ့တာ...ငယ်ယုံပေးပါ...ဒီစေ့စပ်ပွဲဟာကိုဆန္ဒတစ်ခုကလေးမှမပါခဲ့ပါဘူး..ငယ်မင်းကိုသိပ်ချစ်တယ်....

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now