" အညိုရောင် အဝတ်တွေ နှင်းဆီပန်းတွေ
ချောကလပ် တွေ မောင်ဆိုတဲ့ နာမ်စား
အဆော ဆိုတဲ့ နာမ်စား
ဒါတွေ အကုန်
ခင်ဗျား အစီစဉ်နဲ့လုပ်ခဲ့တာမလား 
ကင်ဆောနူဆိုတဲ့ မူပိုင်တွေ အားလုံးပျောက်သွားတဲ့အထိ
ကျကျနန ပုံဖော်ခဲ့တာပဲ
ဒီတောက်လျှောက်လဲ အဲ့မိန်းကလေးကိုပဲ
မြင်ယောင်ပြီး ကျွန်တော့်ကိုချစ်ခဲ့တာမလား
ဘာမှ နားမလည်တဲ့ ငတုံးငအ ဆိုပြီး
နောက်ကွယ်မှာ လှောင်နေတာမလား
ဘာလို့ အဲ့လောက်တောင် လုပ်ရက်ရတာလဲ
ကျွန်တော့်ကို မမြင်ဘူးလား
ဒီလောက်ချစ်ခဲ့တာလေ
အမေ တို့ သဘောမတူတဲ့ကြားထဲက
ခင်ဗျားကိုပဲ ရွေးချယ်တယ် ဆိုပြီး
အရာအားလုံး လက်လွှတ်ချလဲ့တဲ့
ကျွန်တော့်ကိုမမြင်ဘူးလား
ချစ်တယ် လို့ပြောတိုင်း
ခင်ဗျား အဲ့မိန်းကလေး‌ကို
ရည်ညွှန်းနေတာမလား ပြော ပြောစမ်းပါ "

ဆောင်းဟွန်းနဲ့သူ့ရဲ့ ဆက်ဆံရေးကို
အိမ်က သိတော့
သူတို့နှစ်ယောက်ကို သဘောမတူဘူးဆိုပြီး
ပြောခဲ့တယ် ခေါင်းမာပြီး
အချစ်ရူးရူးနေတဲ့ ကျွန်တော်က
ပတ်ဆောင်းဟွန်းဆိုတဲ့ လူသားကိုပဲ
ရွေးချယ်ခဲ့တယ်
အဲ့‌အနေနဲ့ ပြစ်ဒဏ်က
နောက်နေ့ သတင်းစာမှာ အမွှေဖြတ်ခြင်း
ကို လူသိရှင်ညား ခံခဲ့ရတာပဲ
ဒါပေမယ့် အဲ့အချိန်တုန်းက
ဒါတွေက သိပ်အရေးမကြီးဘူးလေ
ဆောင်းဟွန်း မျက်နှာ တစ်ကမ္ဘာ ဆိုပြီး
နေခဲ့တာ
အဲ့ကတည်း က အမေ‌တို့ပြောတာ နားထောင်ခဲ့ရင်
ဒီလို အဖြစ်မျိုးတွေ ဖြစ်မှာ မဟုတ်ဘူး

" ကွာရှင်းရအောင် ဆောင်းဟွန်း
ဒီလောက်နဲ့ပဲ ငါ့ကို လွှတ်ပေးပါတော့
ငါ ပင်ပန်းနေပြီ  "

" မဟုတ်ဘူး ကလေး
ကို ကလေးကိုတကယ်ချစ်ခဲ့တာ
ဟုတ်တယ် အစားထိုးလုပ်ယူခဲ့တာ
မှန်ပေမယ့် ကို ကလေးကို
တကယ် ချစ်မိသွားတာယုံပါ
မကွာရှင်းရအောင်လေနော်
ကို ကို့ကို ဒီတစ်ခါ တစ်ခါပဲ ခွင့်လွှတ်ပေးလေ
ကို အားလုံးကို ပြန်ပြင်မှာ
ကွာ မရှင်းပါနဲ့‌ ကလေးမရှိရင်မနေတက်လို့
တကယ် ချစ်တာပါကွာ
ကို ဒီလို တောင်းပန်ပါတယ်
မကွာရှင်းပါနဲ့ ကိုယ့်ကို
ဘာလုပ်မလဲ ရိုက်မလား လာရိုက်လိုက်
ဆူဆဲပလိုက် ဒါပေမယ့် မကွာရှင်းပါနဲ့ "

Do you get Deja vu ? Where stories live. Discover now