အပိုင်း(၁)ဒီsystemကို အသေသတ်လို့ရမလား

260 15 1
                                    


လုချန်ဖေးသည် ဒုတိယမျိုးဆက်သခင်လေးတစ်ဦးအဖြစ် လူသိများပြီးထင်ရှားသည်။သူ၏ကြည့်ကောင်းသောရုပ်ရည်နှင့် မိန်းကလေးတိုင်းအားကိုးချင်စရာရှိသောအရပ်‌ကြောင့် မိန်းကလေးတိုင်း၏အသည်းနှလုံးထဲကမင်းသားလေးတစ်ဦးဖြစ်သည်။ချစ်စရာကောင်းမလိုလိုနှင့်ချောမောသည်ဟုထင်ရသောမျက်နှာပြုံးချိုချိုကြောင့် တစ်မူထူးကာ လူအများ၏ချစ်ခင်နှစ်သက်မှုကိုတိုးစေသည်။ဖြူလွလွအသားအရည်နှင့်အနောက်တိုင်းဆန်သောမျက်ခုံးတို့ကဖခင်ဆီမှအမွေရထားသည့်အပြင် ထက်မြက်ပြတ်သားသော စိတ်ဓာတ်နှင့်ဉာဏ်ရည်တို့ကိုပါ အမွေခံထားလေသည်။ဤသည်ကပင် မျိုးဆက်တူသခင်လေးများကြား မနာလိုအားကျစရာဖြစ်ကာ ထူးကဲသွားစေလေသည်။သူသည် မိခင်ဖက်မှ နူးညံ့သော နှလုံးသားကိုအမွေ မရထားသော်လည်း ခပ်မြင့်မြင့်နှာခေါင်းလုံးလုံးလေးနှင့်၊ချယ်ရီရောင် နှုတ်ခမ်းရဲရဲတို့ကို ရရှိထားသဖြင့် gayကောင်လေးများကြား၌လည်း လိုချင်သူတို့ပေါများလေသည်။ထိုသို့ဖြင့် မိခင်၊ဖခင်တို့ဖက်မှ ကောင်းလှသော စိတ်ဓာတ်၊ဉာဏ်ရည်နှင့်ရုပ်ရည်တို့ကိုပိုင်ဆိုင်ထားသဖြင့် ကောင်းသည်မှန်သမျှသာ သန္ဓေတည်ကတည်းကစစ်ထုတ်ပြီးယူခဲ့သူဟု  လူမှုကွန်ယက်အသုံးပြုသူတို့ကဆိုကြသည်။
ထို့သို့သောအမွန်းတင်သည့်ဂုဏ်တို့ကိုပိုင်ဆိုင်ခဲ့သော လုချန်ဖေးထံတွင် သူဂုဏ်အယူဆုံးအရာတစ်ခုလည်းရှိလေသည်။ထိုသည်က အာရှသွေး‌ဖြစ်သည့် အမေဖြစ်သူနှင့်လည်းမတူ၊ဥရောပသွေးနှောသည့် ဖခင်နှင့်လည်းမတူပဲ သူထံတွင် စိမ်းပြာရောင်သမ်းနေသောမျက်၀န်းတစ်စုံကိုပိုင်ဆိုင်ခြင်းပေ။ထိုစိမ်းပြာရောင်မျက်၀န်းကပင် လှပစွာဖူးပွင့်လာသည့်နှင်းဆီပန်းလေးကို ကာကွယ်နေသည့်ဆူးငယ်များသဖွယ်၊ သူ၏လှပသောပုံရိပ်လေးကို လူအများအနားမကပ်၀င့်စေရန် ပြုလုပ်ပေးထားသည်။ထိုစိမ်းပြာရောင်မျက်၀န်းထဲမှအားငယ်သော၊၀မ်းနည်းသောအရိပ်အရောင်များသမ်းနေလျှင် လူအများ၏သနားဂရုဏာတို့ကို အလွယ်တကူသိမ်းပိုက်နိုင်လောက်လေသည်။သို့‌သော် ဘုရားသခင်ကလူတိုင်းကိုပြီးပြည့်စုံမှုအဖုံဖုံနှင့်မွေးဖွားခွင့်မပေးပါ။ထိုသို့သောပြည့်စုံခြင်းများနှင့်မွေးဖွားလာသောလုချန်‌ဖေးထံတွင်လည်း ဖျောက်ဖျက်မရသောအကျင့်တစ်ခုရှိနေသည်။ဤသည်က ကြာပန်းဖြူယောင်ဆောင်ရသည်ကိုနှစ်သက်ခြင်းပင်။ကောက်ကျစ်သောနှလုံးသားလေးကိုပိုင်ဆိုင်ထားသော လုချန်ဖေးသည် ကြာပန်းဖြူယောင်ဆောင်ရသည်ကိုအလွန်အမင်းခုန်မင်လေသည်။ငယ်စဥ်ကတည်းက ကိုယ်ကသူများအရုပ်များကိုအရင်ဖျက်စီးကာ ကိုယ်တိုင်ပင်ခံရသလိုဟန်ဆောင်ခဲ့သည်ကလည်း ‌မဖျောက်ဖျက်နိုင်ပါသောသူ၏ အလေ့အကျင့်ဆိုးတစ်ခုပင်ဖြစ်သည်။
မိဘတွေက ဘယ်လိုပင်ဖျောက်ဖျက်ဖို့လုပ်သည့်တိုင် မရပါသော မွေးရာပါ အလေ့ဆိုးလေးပင်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Dec 04, 2023 ⏰

Add this story to your Library to get notified about new parts!

Bunny is more deceptive than foxWhere stories live. Discover now