အပိုင်း(၁၉)Uni

Start from the beginning
                                    

"ဟာ...သေများသွားပြီလားမသိဘူး"

"ဟျောင့်...မင်းကများ...ငါ့ငယ်ကိုထိရဲတယ်....ကဲကွာ...သေစမ်းး"

ခွပ်...ခွပ်...အောက်ကလူကိုလက်သီးဖြင့်ထိုးနေတာလုံးဝမရပ်တော့ချေ..။သာဗျောလည်းလက်လွန်ကုန်မှာဆိုး၍ဝင်တားတော့သည်.။

"ဦးတော်တော့လေ...ဟိုမှာသေတော့မယ်..တော်ပါတော့"

"မရဘူး..ငယ်...မတားနဲ့...ဒီကောင်ကငရဲနဲ့ပဲတန်တယ်.."

သာဗျောလည်းမြတ်မင်းပိုင်လက်သို့လှမ်းဆွဲပြီးတားလေသည်။သူ့ရဲ့ငယ်တားမှုကြောင့်မလွှတ်ချင်ပဲလွှတ်လိုက်ရတော့သည်။ထိုလူရဲ့မျက်နှာမှာတော့သွေးများပေပွနေတော့သည်။သုံးကောင်စလုံးမထနိုင်တော့ပေ။
ငယ့်ကိုကြည့်လိုက်တော့အင်္ကျီအရှေ့ကတော်တော်ပြဲသွားသည်။.ရင်ဘတ်တစ်ခုလုံးတောင်မြင်ရနီးပါးပင်။

"ငယ်..ဘာဖြစ်သွားသေးလဲ"

"ဟင့်အင်း..ဦးရော..."

"ကိုဘာမှမဖြစ်ပါဘူးငယ်..ရယ်"

"ဦး..အိမ်ပြန်ကြရအောင်..အိမ်ရောက်မှဆက်ပြောကြတာပေါ့ဒီမှာနေရတာကျောချမ်းလာပြီ"

မြတ်မင်းပိုင်လည်းခေါင်း​ညိတ်ပြီးငယ့်ကိုပွေ့ချီလိုက်တော့သည်။

"ဦး..ဘာလုပ်တာလဲ..ပြန်ချပေးပါ...."

"ငယ့်ရဲ့ရင်ဘတ်ကိုဘယ်သူမှမပြနိုင်ဘူးငယ်..ဒါကြောင့်ငယ့်ရင်ဘတ်ဖွေးဖွေးလေးကိုကို့ရင်ဘတ်နဲ့ကပ်ထားပြီးပွေ့သွားမလို့..ဒါမှဘယ်သူမှမမြင်ရမှာလေ"

"ဟာ...ခင်ဗျားကြီး..ဗျာ..ဘာမှန်းလဲမသိဘူး"

မြတ်မင်းပိုင်လည်းသဘောကျကြကာမျက်လုံးမှေးသည်အထိရယ်ပြီးအိမ်သို့ပြန်လာခဲ့ကြသည်။.သူတို့၂ယောက်ကတော့အမူးသမားတွေနှောင့်ယှက်သည်ဟုပဲထင်ကြ၏။

သည်လိုနှင့်ပြန်လာခဲ့တာအိမ်သို့ရောက်လေပြီ။သူကြီးတို့သုံးယောက်လည်းမြတ်မင်းပိုင်တို့ကိုလှမ်းကြည့်လိုက်သည်။.သာဗျောကိုပွေ့လာကာမြတ်မင်းပိုင်ရဲ့လက်မှာလည်းသွေးစတွေနှင့်သူကြီးတစ်ယောက်ပိုပြီးရင်ပူသွားတော့သည်။မြတ်မင်းပိုင်လည်းသာဗျောကိုခုံပေါ်သို့ချကာထိုင်ခိုင်းလိုက်သည်။ထိုအခါသာဗျောအင်္ကျီပြဲနေတာကိုသူကြီးတို့သုံးယောက်စလုံးမျက်လုံးပြူးကာကြည့်နေမိတော့သည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now