ကျွန်မလဲ စင်ပေါ်ကဆင်းဆင်းချင်း သွက်လက်တဲ့ခြေလှမ်းလေးတွေနဲ့ သူ့ဆီကို ဦးတည်ပြီး
ပြေးသွားလိုက်ပါတယ် အနားရောက်တော့
boy : မြန်မာမလေး မင်းကကိုရီးယား သီချင်းလဲဆိုတတ်တာပဲလား ?? ဘာမဆို အကုန်လုပ်တတ်နေသလိုပဲ
You : မနောက်ပါနဲ့ရှင် , ကျွန်မရဲ့မပီတပီအသံနဲ့သီချင်းကို မူရင်း exo သာကြားရင်း တော်တော်စိတ်ဆင်းရဲသွားရှာမှာပဲ
boy : မဟုတ်ပါဘူး , ကျွန်တော်နားထောင်ဖူးသမျှ မပီတပီထဲမှာ အကောင်းဆုံးပဲ , မင်းတော်တယ် ဆိုပြီး သူကျွန်မခေါင်းလေးကို ပုတ်လိုက်ပါတယ်

You' pov : အိုး .......... သွားပါပြီ ကျွန်မတစ်ကိုယ်လုံး တကယ့်ကိုလေပေါ်ရောက်သွားပါပြီ
သူ့ရှေ့မှာမို့ မနည်းကိုစိတ်ထိန်းထားရပါတယ် မဟုတ်လို့ကတော့ အဲနေရာမှာတင် overdose ပါ ထ က မိမှာ အမှန်ပင် .........

ဒါပေမယ့် ကျွန်မရဲ့သူ့ဘေးမှာ နေခွင့်အချိန်လေးက မကြာခင် ပြီးဆုံးတော့မှာပါ ကျွန်မသိလိုက်ပါတယ် သူ သူ့နာရီလေးကို ထုတ်ကြည့်လိုက်ပြီး .........
boy : အချိန်တွေကုန်တာ မြန်လိုက်တာ , ၄ နာရီတောင် ထိုးတော့မှာပဲ
You : ရှင် ပြန်ရတော့မှာမလား ( ခေါင်းလေးငိုက်ချကာ လေသံတိုးတိုးလေးနဲ့ ပဲ မေးလိုက်ပါတော့သည် )
boy : အင်း ပြန်ရတော့မှာ ဒါပေမယ့် နောက်တစ်နေရာလောက် ထပ်သွားပြီးမှ ပြန်ကြတာပေါ့ , မင်းနဲ့ လဲထပ်ပြီး စကားပြောဖို့အချိန်ရတာပေါ့

ကျွန်မ ခေါင်းလေးပြန်မော့ပြီး ပြုံးပြလိုက်ပါတယ်
You : အင်း ဒါဆိုနောက်တစ်နေရာ ဘယ်သွားချင်လဲ ?? ရှင်ကဘယ် hotel ကိုပြန်မှာလဲ ??
boy : Sedona ,,,,,
You : အော် ကျွန်မလဲ အဲနားပဲပြန်ရမှာ , ဒါဆို ညနေစောင်းလဲဖြစ်တော့ ကန်ဘောင်သွားကြတာပေါ့ အဲ hotel ရှေ့ဘက်နားလေးပဲ ပြန်ရတာလဲ အဆင်ပြေတာပေါ့
boy : ok လေ သွားကြ တာ ............... သူ ကျွန်မ အနောက်ဘက်ကို ကျော်ကြည့်ရင်း
စကားလေးရပ်သွားပြီး .............
You : ဘာဖြစ်လို့လဲ ဆိုပြီး နောက်ကိုကျွန်မ ပါလှည့်ကြည့်လိုက်တယ်

You' pov : အိုး အဲဒါ .......... chen နဲ့ chanyeol ပဲ , သေချာပါတယ် baek တစ်ယောက်ပြန်မရောက်သေးလို့ သူတို့ပါ ရုပ်ဖျက်ပြီး လိုက်လာကြတယ်နဲ့တူပါတယ်
boy : မကြည့်နဲ့တော့ လာမြန်မြန် ပြေးမယ် ဆိုပြီး သူကျွန်မလက်ကိုဆွဲပြီး ဇွတ်ကိုပြေးပါတော့တယ် ကျွန်မလဲကြောင်တောင်တောင်နဲ့ပင် သူ့နဲ့အတူတူလိုက်ပြေးမိပါရော

When will he know that I Love him?-_-Unde poveștirile trăiesc. Descoperă acum