"ဟိတ်ကောင်...သာဗျောရေ...နေစောင်းရင်ငါ့ကိုရွာမြောက်ပိုင်းမှာ..အကြွေးသွားတောင်းပေးဦး...."
သာဗျောတစ်ယောက်ကွပ်ပျစ်ပေါ်မှဆင်းကာအိမ်ထဲရှိရာသူကြီးနားသို့ဝင်သွားတော့သည်။မြတ်မင်းပိုင်လည်းအနောက်ကပါလာသေးသည်။
"ဟာ..သူကြီးကလည်းရွာမြောက်ပိုင်းကြီးမသွားချင်ဘူးအပြန်မိုးချုပ်ရင်ကျုပ်ကြောက်တယ်"
မြတ်မင်းပိုင်လည်းသာဗျောသို့တစ်ချက်လှည့်ကြည့်လိုက်ပြီးဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းလဲဟုတွေးနေတော့သည်။ခုံမှာထိုင်နေသောဒေလီယာလည်းဖုန်းသုံးရင်းမျက်လုံးပင့်ကာကြည့်ပြီးအကြံတစ်ခုရသွားတော့သည်။
"ဦးလေးကျွန်မရွာထဲခဏသွားကြည့်လိုက်ဦးမယ်..."
"ဖြစ်ပါ့မလားကွယ်...တော်ကြာလမ်းတွေဘာတွေပျောက်နေမှဖြင့်...ဦးလေးလိုက်ခဲ့ပေးရမလားကွဲ့"
သူကြီးတစ်ယောက်စိတ်ပူသော်ငြားလည်းသာဗျောကိုတော့မထည့်။သူမ သာသူ့သားကိုတစ်ခုခုလုပ်ရင်ဘယ်နှယ့်လုပ်မတုန်း...။
"ရပါတယ်..အဝေးကြီးမသွားပါဘူး..ဒီနားပဲခဏပတ်ကြည့်မှာပါ.."
"အေးကွယ်....နေမဝင်ခင်တော့မြန်မြန်ပြန်လာခဲ့ပေါ့...."
ခေါင်းတဆက်ဆက်ညိတ်ကာသူမထွက်သွားတော့သည်။မြတ်မင်းပိုင်လည်းသူမ မရှိလေကောင်းလေဆိုပြီးအကြည့်နှင့်ကြည့်လိုက်တော့သည်။
ထိုနေရာတွင်တော့သူကြီးရယ်..မြတ်မင်းပိုင်ရယ်...သာဗျောရယ်ပဲကျန်ရှိခဲ့တော့သည်။
"သားရယ်...ရွာမြောက်ပိုင်းမသွားရဲရင်..မောင်မြတ်မင်းပိုင်ကိုခေါ်သွား..သူကာကွယ်ပေးမှာပေါ့.."
"အမလေးသူကြီးရယ်..သူလားကာကွယ်ပေးမှာ...သရဲတွေ့လို့အရှေ့ကနေပြေးတဲ့သူကများ"
သူကြီးတစ်ယောက်ထရယ်တော့သည်။.မြတ်မင်းပိုင်လည်းသာဗျောသို့သေချာစိုက်ကြည့်ပြီး..
"အဲ့တုန်းကကိုကနည်းနည်းလန့်သွားလို့ပါ...ဒီတစ်ခါလာတဲ့သရဲမြတ်မင်းပိုင်လက်သီးနဲ့တွေ့သွားမယ်..."
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...
အပိုင်း(၁၈)Zawgyi
Start from the beginning