Chapter - 11 (Part 3)

Start from the beginning
                                    

ကလေးတွေကို ကောင်းကောင်းကျွေးမွေးပြီး​တော့ အရွယ်ရောက်တဲ့အထိ ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်​ပေးတာ​တောင်မှ သူတို့တွေကို ပြုစုပျိုးထောင်ရတဲ့ အန္တရာယ်က ကြီးမားလွန်းတယ်။ မင်း သေချာဂရုမစိုက်ဘူးဆိုရင် အပြင်လူရဲ့ လှည့်စားခံလိုက်ရတဲ့က​လေးနဲ့ ဆုံးခန်းတိုင်သွားရမှာဖြစ်တယ်။

သေနတ်သံတစ်ချက်ထွက်ပေါ်လာပြီး အော်သံ​​တွေလည်း ထွက်​ပေါ်လာခဲ့တယ်။

နောက်ထပ်တစ်ချက် ထပ်မံပစ်ခတ်လိုက်တယ်။ လူအုပ်ကြီးက ငြိမ်သက်သွားပြီး ရဲတွေလည်း ရောက်လာကြပေမယ့် သခင်ကြီး​ကျောင်းစီကိုင်ဆောင်ထားတဲ့ သေနတ်ကို ဘယ်သူကမှ ဘာမှမလုပ်ရဲကြဘူး။ သူတို့​တွေက ပြုံးရယ်ပြီး​တော့ သေနတ်က မတော်တဆ လွဲချော်သွားနိုင်တယ်ဆိုတာကို ရှင်းပြကြတယ်။ အဲ့ဒါကသာ သူ ​သေနတ်ချဖို့အတွက် အ​ကောင်းဆုံး​သော နည်းလမ်းဖြစ်မှာ​လေ။

​ကျောင်းကုန်းဇီက ငါ့ကို အနားဆွဲခေါ်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်တယ်။

"​ကျောင်း​လောင်, မင်းက အရူးပဲ! လောင်ဇီ့ဆီကို ပြန်လာခဲ့!" သခင်ကြီး​ကျောင်းစီက ငါတို့နှစ်ယောက်စလုံးကို ကျိန်ဆဲတယ်, "ကျူးရိရှင်, မင်းလည်း ဒီကို ပြန်လာခဲ့!"

​ကျောင်းကုန်းဇီက ​ပြောတယ်, "အဖေ, ကျွန်​​တော်တို့ ဟိုရောက်ရင် အ​​ဖေ့ကိုဖုန်းဆက်လိုက်မယ်​လေ!"

"​သောက်ဖုန်းကို ဆက်​ပါလား! ဒီကို ပြန်လာခဲ့! ကျူးရိရှင်!"

"သူ့ကို မဆဲဆိုဖို့ ကျွန်​တော်ပြောထားပြီးသား​​လေ, အ​​ဖေ တစ်ယောက်ယောက်ကို ကျိန်ဆဲရမယ်ဆိုရင် ကျွန်​တော့်ကို ကျိန်ဆဲလိုက်, ဒီဆက်ဆံရေးမှာ သူ ဖုန်း​တွေ ခေါ်​ပေးသလို​မျိုး​လေ"

"​ကျောင်း​လောင်, မင်းက ကျေးဇူးကန်းတဲ့ ​ကောင်​လေးပဲ! ​လောင်ဇီ မင်းရဲ့ခေါင်းကို ပစ်လိုက်တော့မယ်!"

"အခု အ​ဖေ့မှာ အသစ်ရှိတော့ ကျွန်​တော့်ကို မလိုချင်တော့တာ​ အမှန်ပဲ​လေ!"

"မင်း ဘာ​​တွေပြော​နေတာလဲ?!"

"အ​ဖေတို့အားလုံးက ပိုငယ်တဲ့က​လေး​တစ်​ယောက်ရ​တော့မှာ, အဲ့တာဆိုရင် ကျွန်​တော်က အငယ်​ဆုံးမဟုတ်တော့ဘူး!"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now