"အေးလေ မနေ့ညက ကျဲလက်ရာ ဖက်ထုပ်စားချင်တယ်ဆို"

"စားချင်တာပေါ့ ကျွန်တော်ကျဲရဲ့လက်ရာကိုဘယ်လောက်တောင်လွမ်းနေလဲဆိုတာစာတောင်ဖွဲ့မရဘူးဗျာ ကျဲလက်နဲ့သေချာနယ်ပြီးပြုတ်ပေးတဲ့ဖက်ထုပ်လေးရဲ့ အိစက်မှုကတော့ရှယ်ပဲ ရှလွတ်"

"ကဲ ကိုယ်တော် ရှလွတ်မနေနဲ့ ထ မျက်နှာသစ်တော့ အိမ်မှာဝက်သားကုန်နေလို့ ဈေးမသိမ်းခင်သွားဝယ်ရမှာ"

"ရက်စ်ဆား အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီး မျက်နှာသစ်လိုက်မယ် အလွန်ဆုံးကြာလှ မာမားပဲ"

"ဟမ် မာမားကဘာတုန်း"

"မားမားခေါက်ဆွဲပြုတ်လေဗျာ ၃ မိနစ်ပဲစောင့်ဆိုတာ်သိဘူးလား၊ အေးပေါ့လေ ကျဲကနိုင်ငံခြားရောက်တာဆိုပြီးတော့ ခုခေတ်ကြော်ငြာတွေဘယ်သိပါ့မလဲ ကျွန်တော်သေချာရှင်းပြ..."

"တော်ပါတော့ မိကျောင်းသားရယ် ကျွန်မတောင်းပန်ပါတယ် မျက်နှာသွားသစ်ပါတော့"

"ဝွန်းကျဲကျဲကလဲ ကလေးကစေတနာနဲ့သေချာရှင်းပြမလို့ကို"

"နင်သေချာရှင်းပြရင် ဒီနားမှာတင် နေ့လည်စာစားတဲ့အချိန်ရောက်သွားလိမ့်မယ် နင်လေကြောဘယ်လောက်ရှည်လဲဆိုတာ နင့်အမငါအသိဆုံး"

"ကျွန်တော်ကလေကြောရှည်တာမဟုတ်ပါဘူးနော် ပါးစပ်ဆိုတာဘာလုပ်ဖို့လဲ အစားစားဖို့နဲ့စကားပြောဖို့​လေ အဲဒါကြောင့် ကျွန်တော်က ခန္တာကိုယ်အစိတ်အပိုင်းကို အကျိုးရှိရှိအသုံးချတဲ့သဘောပါ"

"ကဲ ပြောရင်းဆိုရင်းက ပေရှည်နေပြီ ငါခေါက်တော့မှာနော်"

"လုပ်ရပူးလေ နိုး နိုး ခုထပြီလို့"

မာမားရဲ့ဆရာမလက်သံကိုအပြည့်အဝမှီတဲ့ ကျဲကျဲလက်သံကို ရိပေါ်သေချာပေါက်သိတာမို့ ကုတင်ပေါ်ကအသည်းအသန်ထပြေးရတော့တယ်၊ ကျဲကျဲ ခေါင်းတချက်ခေါက်ရင် ၂ ညလောက်ခေါင်းမှ ဘုသီးထွက်တာပါဆို။

------xxxxx------

"ရိပေါ် အထဲမလိုက်နဲ့တော့ အသားစိမ်းအနံ့တွေညှီရင် ခေါင်းကိုက်တယ်မဟုတ်လား"

WTF! Is he flirting with me?Where stories live. Discover now