Ep 2

2.2K 305 33
                                    



Ep2

"ဝမ်ရိပေါ် နင်ထမလား မထဘူးလား"

အိပ်မက်ထဲမှာ skateboarding ပြိုင်ပွဲဝင်ပြီးဆုရခါနီးကျမှ ကျဲအော်သံကြောင့်အိပ်ရာက နိုးသွားရချေပြီ။

"ဟာ ကျဲကဗျာ"

"ကျဲက ဗျာမနေနဲ့ ထတော့လေ ဒါလူအိပ်ချိန်လား မနက် ၈ နာရီတောင်ထိုးတော့မယ်"

အဲဒါပဲ အဲဒါပဲ .. စာအုပ်ကြီးလိုစည်းကမ်းကြီးတဲ့မိသားစုမှာကြီးခဲ့ရတော့ မနက် ၈ နာရီမှအိပ်ရာမနိုးရင် ကမ္ဘာ့အကြီးဆုံးပြစ်မှုကျူးလွန်မိသလိုပဲ

မနက်အိပ်ရာမထတာပဲအပြစ်မဟုတ်ဘူး၊ မိသားစုနဲ့ထမင်းလက်စုံမစားရင်၊ ကိုယ်ခြုံအိပ်တဲ့စောင်မခေါက်ရင်၊ ထမင်းစားပြီး ကိုယ့်ပန်းကန်ကိုယ်မဆေးရင်၊ အားလုံးအားလုံးအပြစ်ချည်းပဲ

သူတို့မိသားစုက အရှေ့တောင်အာရှမှာ စည်းကမ်းအကြီးဆုံးမိသားစုလို့တင်စားရမလို

အဖေက ဒီမြို့မှာ နာမည်အကြီးဆုံးအထူးကုဆရာဝန်တွေထဲကတစ်ယောက်ဖြစ်ပြီး အမေက အလယ်တန်းပြဆရာမဆိုတော့ စည်းကမ်းကြီးချက်က 9 လောက်ရှိတယ်

ပါပါးတို့မာမားတို့ လက်ထွက်ကျဲကျဲကလဲ ထိုးနည်းလည်းကောင်းပါပဲ အဲလောက်စာအုပ်ကြီးလိုနေနေလို့လဲ အခုလိုအသက် ၂၅ နှစ်ထိ အပျိုကြီးဖြစ်နေတာပေါ့

ကောင်းတော့လဲကောင်းပါတယ် ရိပေါ်လဲ ယောက်ဖမှမလိုချင်ပဲ၊ ကျဲကျဲအပျိုကြီးဖြစ်တော့ ကျဲကျဲရှာသမျှ သူပဲရမှာပေါ့ ဟီဟိ

"ဟဲ့ ရိပေါ် ထပါဆို ပြုံးစိစိနဲ့ဘာတွေစိတ်ကူးယဉ်နေတာလဲ ထပါဆို ကျဲဈေးသွားမလို့ လိုက်ပို့အုံး"

"အာကျဲကလဲ ကျွန်တော်အိပ်ချင်တယ်လို့"

"ဘာအိပ်ချင်တယ်လဲ ၈ နာရီထိုးတော့မှာပါဆို ထနော် မဟုတ်ရင် ဖက်ထုပ်လုပ်မကျွေးတော့ဘူး"

"ဗျာ ဖက်ထုပ်ဟုတ်လား"

အစားအသောက်အသံကြားတာနဲ့ ရိပေါ်အိပ်နေရာက ငုတ်တုတ်ချက်ချင်းထထိုင်မိတော့တယ်
ကျဲကအရမ်းဟင်းချက်ကောင်း၊ သူကလဲ စားရတာါရမ်းကြိုက်ဆိုတော့ အိုကေမှာ စိုပြေရောပဲ

WTF! Is he flirting with me?Dove le storie prendono vita. Scoprilo ora