အပိုင်း ၇

Start from the beginning
                                    

"အဲ့ဒါများ ကျူရှင်မသင်နဲ့ပေါ့"

"မသင်ဘဲမနေနိုင်လို့ပေါ့ကွ မသင်ဘဲနေနိုင်မှတော့ မင်းကိုစောက်စကားပြောမနေဘူး သိန်းဈာန်ကလည်း သွားပြောရင် ဒေါသကအရင်..."

"အေးလေ အဲ့အကောင်က ဒေါသကထောင်းခနဲဆို ဖင်ကဟောင်းခနဲပဲ အကောင်သာသေးတာ အဆိပ်ပြင်းချက်ပဲ"

ယောက်ျားကြီးတန်ပေမဲ့ အတင်းပြောနေတဲ့ ချက်ကြီးကိုကြည့်ကာ ပုဂ္ဂိုလ်ထူးကြိတ်ရယ်ရသည်။ အသံထွက်ရယ်ရင် ဒီသကောင့်သားက ရန်ရှာဦးမှာ။ ချက်ကြီးနဲ့သိန်းဈာန်နဲ့ဆိုတာ မမြင်ချောင်းကြည့်ပြီး တွေ့တာနဲ့ကိုက်တာမို့ ထွေထူးပြီးပြောမနေတော့ခြေ။

"ရှင်းသန့်ဌေးက ငကြောက် ဘာမှအကူအညီမရဘူး မင်းရဲဆိုနဲ့ တန်းနေအောင်ပြေးတဲ့ကောင် ဒါကြောင့်မင်းကို အကူအညီတောင်းတာပေါ့ကွ"

ရှုံ့မဲ့နေသောပုဂ္ဂိုလ်ထူးက တက္ကသိုလ်ဆရာဆိုတဲ့ အလုပ်ကိုတော့ ထွက်ခြင်ပုံမရခြေ။ မင်းရဲစိုးဈာန်ဆိုတဲ့ မြွေဟောက်ပုဂ္ဂိုလ်ထူးဆီရောက်တာနဲ့ သေခြာပေါက်သတ်ပွဲပဲ။ ဘယ်ဘဝကရေစက်မှန်းမသိ လောက်အောင်ကို အရှိန်ကပြင်း၏။

"မင်းကသည်းခံလိုက်ပေါ့ကွ တပြည့်နဲ့ဆရာပဲဟာ သူဘာလုပ်နိုင်မှာမို့လို့လဲ ပါးစပ်ကလေပေါရုံလောက်ပဲ လုပ်နိုင်မှာကို"

"ငါလည်း သည်းခံနေတာမင်းတို့အသိပဲလေ ဒီ့ထက်သည်းခံရပြန်ရင်လည်း ဖင်တတ်ချခိုင်းဖို့ပဲရှိတော့တယ်ကွ!"

ပုဂ္ဂိုလ်ထူးက မျက်နှာကြီးနီရဲကာ ဒေါသထွက်လာသည်မို့ ပုခုံးသာအသာလေး ပုတ်ပေးလိုက်ရလေသည်။ မင်းရဲနဲ့ပုဂ္ဂိုလ်ထူးကြား ဇာမဏီလည်း ဘယ်လိုဖြေရှင်းရမှန်းကို မသိတော့ခြေ။

ဟိုကလေးမင်းရဲကလည်း ပုဂ္ဂိုလ်ထူးကို မြင်တာနဲ့ အခြောက်ဆိုပြီးရွဲ့သည်။ ​စောင်းသည်။ ပုဂ္ဂိုလ်ထူးကလည်း ကလေးနဲ့ပြိုင်ပြီး ရွဲ့တယ်လို့မပြောနိုင် ယောက်ျားကြီးလာပြီး အခြောက်အခြောက်နဲ့ ဆိုတော့ကား......ခက်၏။

"ငါလည်းနားလည်ပါတယ်ကွာ ဟမ် ငှက်မ နင်အမြဲအဲ့ဂျပုတ်ကန်ကေပဲ ညှပ်နေတော့မှာလား"

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now