ဇူအန် တိုးတိုးဆက်ပြောသည်။
"မင်းသူ့ကို နောက်ဆို ပိုဂရုစိုက်ဖို့လိုတယ်။ မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး"သူ့၀င်သက်ထွက်သက်မှ လေပူကြောင့် ဖေးမြန့်မုန် တစ်ကိုယ်လုံး မနေတတ်တော့ပေ။ ကိုယ့်ကိုယ်ကို ပြန်ဆန့်ရန် ပြင်လိုက်စဉ် ဇူအန်စကားကြောင့် ကြောင်ပြီး ရပ်သွားရသည်။ နောက်ထပ်ဆက်မေးရန်ပြင်သောအခါ ဇူအန်က သူ့ခါးကိုဆွဲ၍ ခုတင်ပေါ် လှဲချလိုက်သည်။
ဇူအန် သူ့ကို အနမ်းပေးမည့်ပုံစံနှင့် ပိုနီးကပ်လာသည်။ဒါပေါ့ သေချာအနီးကပ်ကြည့်လျှင် သူတို့နှုတ်ခမ်းများကြား တစ်လက်မလောက် ကွာနေသေးသည်။
သို့သော် ဒီအကွာအဝေးက တစ်ဦးကိုတစ်ဦး ခံစားမိရန် လုံလောက်လေသည်။ဇူအန် တကယ်မနမ်းကြောင်း သတိထားမိသွားမှ ဖေမြန့်မုန်လက်ဖျားက အနက်ရောင်မီးတောက်များ ငြိမ်းသွားရပြီး ဇူအန်ကို ကြောင်ကြည့်နေမိသည်။
"သူက အပြင်ကနေကြည့်နေတယ်။ အရမ်းမသိသာစေနဲ့" ဇူအန် သူမနားရွက်နားကပ်၍ တိုးတိုးနှင့်ညင်သာစွာ ကီမှတစ်ဆင့်ပို့လာသည်။ လောင်မိုင်ကျင့်ကြံမှုက အဆင့်မြင့်လွန်း၍ အသံကိုပင် အဝေးမှ မပို့ရဲပေ။ ထိုအဖိုးကြီး ချောင်းနားထောင်မည်ကို မလိုလားပေ။
ဖေးမြန့်မုန် ထိတ်လန့်သွားသည်။ သူ့အကြည့်က ပြတင်းပေါက်ဘက် ဝေ့ဝဲသွားသည်။ ပြတင်းပေါက်အပြင်ဘောင်တွင် လူရိပ်တစ်စွန်းတစ ကျနေသည်။ တစ်ဖက်လူက လရောင်အပြောင်းအလဲကိုသတိမထားမိသေးပုံပင်။ ထို့ကြောင့်သာ လရောင်မှ အရိပ်ကို ပြတင်းပေါက်မှတစ်ဆင့် တစ်ပိုင်းတစ်စ မြင်နိုင်နေခြင်းဖြစ်သည်။
"ဒါဆို ရှင်သူ့အကြောင်။သိတယ်ပေါ့" ဖေးမြန့်မုန် နားလည်သွားလေသည်။ ချက်ချင်း သဘောပေါက်သွားပြီး ဇူအန်လည်ပင်းကို စုံတွဲပမာ သဘာဝကျကျ ချိတ်လိုက်သည်။
သူမအသံက အပြင်လူ ကြားရလောက်အောင် ကျယ်လာသည်။ဇူအန်က စိတ်ထဲတွင် ပေါက်ကွဲမတတ်ပင်။
ငါဆက်သည်းမခံနိုင်တော့ဘူး။ မင်းခန္ဓာကိုယ် ဘယ်လောက်ကောင်းလဲ သိရဲ့လား။ ငါ့ကိုဒီလို ဖက်လိုက်တာတောင် ငါ့မှာ မွန်းကြပ်မတတ်ပဲ။
![](https://img.wattpad.com/cover/299282614-288-k921114.jpg)