ချူယန်၏ တိုးတက်လာသော အခြေအနေမှာ သူ၏ ကုသမှုကြောင့် ဖြစ်သည်မှာ သက်သေထူနေသည်။
ထို့အပြင် ကုသစဉ်တွင် ချူယန် က အဝတ်များ ဖယ်ရှားပေးရသည်ကို သူမလည်း သိနေသည်။ ထို့ကြောင့် အပြင်လူ လုံးဝ အမြင်တွေ့ခံ၍မရပေ။
ဒေါသကြောင့် သူမ ပါးပြင်မှာ နီရဲနေပြီး တံခါးပေါက်တွင် မတ်တပ်ရပ်နေရသည်။ သူမ၏ သမီးဖြစ်သူကို ကယ်တင်ပြီးနောက်ပိုင်းမှ သူနှင့် ကိစ္စများ တဖြည်းဖြည်းရှင်းတော့မည်ဟု သူမ တွေးလိုက်သည်။

နောက်ဆုံးတွင် ချူကျုန်းထန် လည်း ချူဟွမ်ကျောက် နှင့်အတူ ရောက်လာသည်။ သူမသည် သတင်းကြားကြားချင်း အမြန်ပြေးလာခြင်းဖြစ်သည်။ သူတို့နှစ်ဦး က အထဲဝင်ကာ ချူချူယန်၏ အခြေအနေကို စစ်ကြည့်ချင်ကြသည်။ သို့သော် ချင်ဝမ်ယွီက သူတို့ကို တားလိုက်သည်။

“အထဲမဝင်နဲ့။ အခုက အချိန်ကောင်းမဟုတ်ဘူး” ချင်ဝမ်ယွီပြောလိုက်သည်။

ချူကျုန်းထန် ဇဝေဇဝါ ဖြစ်သွားသည်။
အခုက အချိန်ကောင်း မဟုတ်ဆိုတာက ဘာကိုပြောချင်တာလဲ။ ငါ့သမီးကို ငါ တွေ့ချင်တာလေ။

ချူဟွမ်ကျောက် စိတ်ထဲတွင် တစ်စုံတစ်ရာ ရောက်လာသည်။ “ခဲအို က အစ်မကို ကုသပေးနေတာလား”

ချင်ဝမ်ယွီ လည်း ခေါင်းငြိမ့်လိုက်သည်။
ချူဟွမ်ကျောက် စိတ်သက်သာစွာ အသက်ရှုထုတ်လိုက်သည်။ “ဒါဆိုရင် အစ်မ ကောင်းသွားမှာပါ”

ချင်ဝမ်ယွီ မျက်မှောင်ကျုံ့လိုက်သည်။ ဘာဖြစ်လို့ ငါ့သမီးငယ် က ဇူအန်က်ု အရမ်းယုံကြည်နေတာလဲ။ ကြည့်ရတာ သူ့ကို နည်းနည်းလေး ကိုးကွယ်နေသလိုပဲ။

“ငါ မသိရသေးတာ တစ်ခုခုရှိနေလား” ချူကျုန်းထန် က ရှို့ဟုန်လေ အရှေ့တွင်ပြောခဲ့သော ချင်ဝမ်ယွီ နှင့် ဇူအန် တို့၏ စကားကို ပြန်တွေးလိုက်သည်။ ယခုအခါလည်း အမေနှင့် သမီး ကြားမှ စကားမှာလည်း အတော်ထူးဆန်းနေသည်။

တခဏတွန့်ဆုတ်ပြီးနောက် ချင်ဝမ်ယွီ က သမီးဖြစ်သူ ကုသမှုခံယူရပုံကို ပြောပြလိုက်သည်။

“ဒါဆိုရင် အခုတလော ချူယန်ရဲ့ တိုးတက်လာတဲ့ အခြေအနေက သူ့ကြောင့်လား” ချူကျုန်းထန် ဇဝေဇဝါ ဖြစ်သွားသည်။ “နေပါဦး။ ကုသနေတဲ့အချိန်မှာ အဝတ်ချွတ်ဖို့ လိုတယ်လို့ မင်းပြောလိုက်တာလား”

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now