လပြည့်မြို့မှာရှိတဲ့ ဘယ်ကလန်က..မဟုတ်သေးဘူး။ ကျိုးပြည်ထောင် တစ်ခုလုံးမှာတောင်မှ ဒီလောက် ထိန်းမနိုင်တဲ့ သားမက်မျိုး ရှိပါ့ဦးမလား။
ကလန်ကို သူ ဝင်ခဲ့တာ အချိန်ဘယ်လောက် ကြာသေးလို့လဲ။ သူ့မှာ ကိုယ်လုပ်တော် တစ်ယောက်တောင် ရသွားပြီလား။
ပြောရရင် အပယ်ခံသားမက်တွေမှာတောင် ကိုယ်လုပ်တော်ဆိုတာတွေ ရှိဖူးလို့လား။

နောက်ပြီး မိန်းမရဲ့ မိသားစုကတောင် သူ့ကို ကိုယ်လုပ်တော် တစ်ယောက်ရဖို့ ကူညီပေးလိုက်ရသေးတယ်။
ဒီရက်ပိုင်းတွေမှာ ငါတို့ရဲ့ ချူကလန် ကို အခွင့်အရေးယူနေကြတယ်လို့ ဘာဖြစ်လို့ ငါ ခံစားနေရတာလဲ။ ဒီနေရာမှာ ဘယ်သူက မှူးမတ်အဆင့်အတန်းလဲ။

သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၆၆...၆၆....၆၆...ရရှိလိုက်သည်။

ချူချူယန်၏ လက်ခံမှုကို ကြားရသောအခါ ရှို့ဟုန်လေ စိတ်အေးသွားသည်။ သူမ၏ လုပ်ရပ်မှာ တကယ်ကို စွန့်စားလွန်းရာ ကျခဲ့သည်။ အကယ်၍ ချူချူယန် လက်မခံခဲ့ပါက ကိစ္စများမှာ ပိုမိုရှုပ်ထွေးသွားတော့မည်ဖြစ်သည်။
နောက်ပိုင်း မည်သို့ ဆက်လုပ်ရမည်ကို သူမ သိနေသည်။ တစ်ပါးသူက လက်ခံလိုက်သည်နှင့် သူမလည်း အခြားလှည့်ကွက်များကို မသုံးတော့ပေ။ သူတို့ ၏ ဒေါသကို လျော့ကျစေရန်အတွက် ၀မ်ယွမ်လုံ၏ တည်နေရာကို သူမ ချက်ချင်းပြောပြလိုက်သည်။ “ကျွန်မရထားတဲ့ သတင်းအရဆိုရင် သခင်လေး ၀မ်ကို ကျောက်စိမ်းဖြူလမ်း ထဲမှာ ဖွက်ထားတယ် ထင်တယ်”

“ကျောက်စိမ်းဖြူလမ်း” ချူကျုံးထန် အော်မိလိုက်သည်။ ဒါကြောင့်ကို သူ့ကို ငါတို့ ရှာမတွေ့နာ မဆန်းပါဘူး။ တကယ်တော့ သူ့ကို ဆောင်ကြာမြိုင် တစ်ခုထဲမှာ ဖွက်ထားတာပဲ။
သူ၏ လူအားလုံးမှာ ချောင်ကျသော ပုန်းခို၍ရနိုင်သော နေရာများတွင် ရှာဖွေခဲ့ခြင်းဖြင့် အလုပ်ရှုပ်ခဲ့ကြသည်။ သို့သော် သူတို့၏ ပစ်မှတ်မှာ မြို့ထဲတွင် ပုန်းကွယ်နေခြင်းဖြစ်သည်။

“ယွဲ့ရှန်း” ချူကျုန်းထန် အမိန့်ချက်ချင်းပေးလိုက်သည်။ ယခုအခါ ၀မ်ယွမ်လုံ၏ နေရာကို သိရပြီဖြစ်သောကြောင့် ကယ်ဆယ်ရေးလုပ်ရန် လွယ်ကူသွားပြီဖြစ်သည်။
ထိုကဲ့သို့သော ကိစ္စများက ချူကျုန်းထန် ကိုယ်တိုင်ကိုင်တွယ်စရာမလိုအပ်ပေ။ ယွဲ့ရှန်း ဦးဆောင်သည့် လက်ရွေးစင်တပ်ဖွဲ့ဖြင့် ချန်ရွှမ်း ပေါ်ထွက်ခဲ့ရင်တောင် သူတို့ ဖြေရှင်းနိုင်နေဆဲဖြစ်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now