"ကျုပ်သူ့ကို သတ်ပြီးရင် ဂိုဏ်းခေါင်းဆောင်သိမှာပဲ မဟုတ်ဘူးလား" ချန်ရွှမ်း သူ့အကြံပေါ်သွားမည်ကို မလိုလားပေ။ ထိုမိန်းမမေးခွန်းက သူ့ကို သတိချပ်စေသည်။

သူ့အမူအရာအပြောင်းအလဲကို မြင်သော် ပြုံးလိုက်ပြီး
"စိတ်မပူပါနဲ့ ခေါင်းဆောင်ချန်။လပြည့်မြို့က အနက်ရောင်လေခံတပ်ရဲ့ ပိုင်နက်မဟုတ်လို့ ကျွန်မက စဉ်းစားပေးရုံပါ။ လေခံတပ်က ကျွန်မတို့ ဝေလဂိုဏ်းရဲ့ အကူအညီများ လိုသလား"

ချန်ရွှမ်း ခေါင်းယမ်းလေသည်။
"မလိုပါဘူး။ ကျုပ်တစ်ယောက်ယောက်ကို သေစေချင်ရင် ကျုပ် ဘယ်သူ့အကူအညီမှ မလိုဘူး" အေးစက်စက် ပြောလိုက်သည်။

"ဒါဆို ခံတပ်ခေါင်းဆောင်ကို အောင်မြင်ပါစေ ဆုတောင်းပါတယ်" ထိုမိန်းမ မျက်လုံးထဲ အပြုံးတစ်ခု ပေါ်လာသည်။ သူကြည့်သောပုံစံက ယောက်ျားတိုင်းကို အရည်ပျော်စေနိုင်သည်။

ချန်ရွှမ်း သူ့ကို ဆာလောင်စွာ စိုက်ကြည့်နေသည်ာ ရုတ်တရက် ထကာ သူ့မျက်နှာက ပုဝါကို ဆွဲဖြဲချင်စိတ် ပေါ်လာသည်။ သို့သော် သူ့အသိစိတ်က ပြန်ထိန်းလိုက်နိုင်လေသည်။ ချန်ရွှမ်း ထကာ နှုတ်ဆက်လိုက်သည်။
"ကျုပ်တို့ သဘောတူညီမှု ရသွားမှတော့ ကျုပ်လည်း ပြန်သင့်ပြီ"

သူထွက်လာတာ အချိန်အတော်ကြာနေပြီ။ သူမရှိချိန် မြို့ထဲတွင် မထင်မှတ်တာ ဖြစ်ပျက်မည်ကို စိုးရိမ်လေသည်။ အမြန်ပြန်တာက နောက်ကျတာထက် ပိုကောင်းလေသည်။
ဒီမိန်းမအတွက်ကတော့ တစ်နေ့ သူ့အပိုင်ဖြစ်လာမည်မှာ သေချာသည်။

"အပြန်လမ်းမှာ ဂရုစိုက်ပါ။ ကျွန်မ ထွက်မပို့တော့ဘူး။ နောက်တစ်ကြိမ် တွေ့ဦးမှာပေါ့" ထိုအမျိုးသမီးက ဦးညွှတ်လိုက်သည်။

ချန်ရွှမ်း အော်ရယ်သည်။
"ဂိုဏ်းခေါင်းဆောင်က ဒီလောက်လှတာ။ ဒါပေါ့ ကျုပ်လည်း ခင်ဗျားနဲ့ နောက်တစ်ကြိမ် တွေ့ချင်ပါတယ်" ထိုသို့ပြော၍ နောက်ပြန်လှည့်သွားသည်။

သူ့ပုံရိပ် မြင်ကွင်းမှ ပျောက်ကွယ်သွားသော် ထိုအမျိုးသမီးက မျက်နှာမှ ပုဝါကို ဆွဲဖြုတ်လိုက်ပြီး လှောင်လိုက်သည်။
"နောက်ထပ် နှာဘူးတစ်ယောက် "

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now