ဇူအန်ပင် ဒါတွေက တကယ်လား ဟန်ဆောင်နေတာလား မပြောနိုင်ပေ။
"ရိုးရိုးသားသား ပြောရရင် မင်းမှာ မကျေနပ်စရာလည်း မရှိပါဘူး။ ကျန်းအိမ်က မင်းကို မွေးကတည်းက အားသာချက်အများကြီး ထောက်ပံ့ပေးထားတာပဲ။ အဲ့တာကြောင့် မင်းလည်း တာဝန်နည်းနည်းပြန်ယူရမှာ သဘာဝပဲလေ။  မင်းက အရေးကြီးတဲ့အိမ်တော်တစ်ခုက လာရင် အဲ့လိုပဲဖြစ်မှာပဲ။ တစ်ခါတစ်လေ မင်းဘ၀မှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိဘူး"

ကျန်းတန် အံသြသောအကြည့်ဖြင့် ကြည့်လာသည်။
"ကျွန်မကို ဘယ်သူမှ ဒီလိုမပြောဖူးဘူး။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းတွေတောင် ကံတရားက မမျှတဘူးဆိုပြီး ကျွန်မကို နှစ်သိမ့်ပြီး သနားနေကြတာ။ ရှင့်အမြင်က..တစ်ခြားလူတွေနဲ့ မတူဘူးပဲ"

"ငါက အမြဲတမ်း မြင်တဲ့အတိုင်း ပြောတတ်တယ်။ မင်း စိတ်မခုတာက ကံကောင်းတယ်" ဇူအန် ပြန်ဖြေသည်။

ကျန်းတန် ဇူအန်ကို စိုက်ကြည့်ရင်း အရောင်တစ်ခု လက်သွားသည်။
"ရှင်က တကယ် ထူးခြားတာပဲ"

ဇူအန် မျက်ခုံးပင့်လိုက်သည်။
"ဘာလဲ…ငါက သူ မတူအောင် ရုပ်ချောလို့လား"

ကျန်းတန် မျက်နှာရဲသွားသည်။
"ဟမ့်..ရှင်က အရမ်းကို မျက်နှာပြောင်တာပဲ"

သူတို့နှစ်ယောက် စကားပြောနေကြသည်။ အစောကဖြစ်ရပ်ကြောင့် နှစ်ယောက်လုံး အရေးပါသောကိစ္စများကို မပြောကြပေ။ ထို့ကြောင့် စကားဝိုင်းက ပြီးစလွယ်နိုင်လာသည်။  သူတို့နှစ်ယောက်လုံးအတွက် ပေါ့ပါးပြီး ပျော်စရာကောင်းသော အချိန်တစ်ခု ဖြစ်လာသည်။

နောက်အတန်းချိန်စတင်ကြောင်း ခေါင်းလောင်းမြည်လာသည်။ သူတို့လမ်းခွဲရန်ပြင်နေစဉ် ကျန်းတန်က ပြန်လှည့်ကာ
"အားဇူ.. ရှင်တကယ် ဂရုစိုက်ဖို့လိုတယ်။ ချန်ရွှမ်း ရှင့်ကို ဘာမှမလုပ်စေနဲ့"

ဇူအန် ရယ်လိုက်သည်
"စိတ်အေးအေးထားပါ။ ငါက ကျန်းမိန်းကလေးနဲ့ စကားပြောစရာတွေ အများကြီးကျန်သေးတယ်။ အဲ့ဒီမတိုင်ခင် တစ်ယောက်ယောက်ငါ့ကို ဒုက္ခပေးတာ ဘယ်ခံနိုင်မလဲ"

"ကျစ်..ရှင်တစ်ခါလောက်လေးများ တည်ကြည်လို့မရဘူးလား။ ဇနီးရှိနေတာတောင် မိန်းမလိုက်စားနေတုန်းပဲ"

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now