သေချာသည်မှာ မျက်နှာဖုံးဝတ် မိန်းကလေး၏ မျက်လုံးများ ချက်ချင်းအေးစက်သွားသည်။ "နင် ဘာပြောလိုက်တာလဲ"

"ငါပြောလိုက်တာက...မိန်းကလေး ဖေး ရဲ့ စကားကနေပြီးတော့ မနာလိုမှု ခပ်ကြီးကြီး အာရုံခံမိတယ်လို့ ပြောတာပါ" ဇူအန် က စကားလုံးများကို အလျှင်အမြန်လှည့်ပြောင်းလိုက်သည်။ သူမ၏ မက်မွန် မျက်ဝန်း နှင့် ရင်သားထု ကြီးကြီးကို ကြည့်ကာ မျက်နှာဖုံးဝတ်ထားရင်တောင် သူမ မည်သူဆိုသည်ကို ဇူအန် ချက်ချင်း ပြောနိုင်နေသည်။

"ငါက..မနာလိုဘူးဟုတ်လား" ဖေးမြန့်မုန် က သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ဘေးသို့ ပစ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အန္တရာယ်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။ "ကြည့်ရတာ ငါက နင့်အပေါ်..အတော်လေး ကောင်းကောင်းဆက်ဆံခဲ့မိတယ်နဲ့တူတယ်"

သူမ၏ အကြောင်းအရာ ပြောင်းသွားသောကြောင့် ဇူအန်က ပုခုံးပေါ်မှ အလေးကြီး ချက်ချင်း ကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ "ဘာမှမဟုတ်တော့ပါဘူး။ ဉာဏ်အရမ်းထက်မြက်တဲ့ သူတွေက အမြဲတမ်း အလွယ်တကူ နားလည်မှုရှိတယ်လေ"

ဖေးမြန့်မုန် က အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ "ဒီကမ္ဘာမှာ ချူယန် က နင့်ကို ဘယ်လိုသည်းခံနေသလဲဆိုတာကို ငါ မသိဘူး"

"မင်း ချူယန်ရဲ့ အခန်းကိုလည်း သွားခဲ့သေးတာလား" ဇူအန် ချက်ချင်း ပြာယာခတ်သွားသည်။ ကုသမှုတွင် အာရုံများနေသောကြောင့် အပြင်ဘက်ရှိ လှုပ်ရှားမှုကို အာရုံစိုက်ရန် မဖြစ်နိုင်ခဲ့ပေ။ သို့သော်လည်း အပြင်ဘက်တွင် လုံခြုံရေးအလွန်တင်းကြပ်နေပြီး သူ့ကဲ့သို့ ရုတ်ချည်းရွေ့လျားနိုင်သည့် ခြေလှမ်းပညာမရှိပါက သူမသည် သူတို့၏ အာရုံခံမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

"ငါ မသွားပါဘူး" ဖေးမြန့်မုန် ၏ အမူအရာမှာ ပိုမိုထူးဆန်းလာသည်။ သူမသည် သူမ၏ အခင်ဆုံးသူငယ်ချင်း ဆီသို့ သွားလည်ရမည့်အစား သူငယ်ချင်း၏ ယောက်ျားဖြစ်သူဆီသို့ ရောက်လာခဲ့သည်။ "သူမ နေမကောင်းဘူးလို့ ငါ ကြားတယ်။ ဒါကြောင့် ဒီညတော့ သူမကို အနှောင့်အယှက်မပေးတော့ဘူး" သူမ အလျှင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။
ထိုစကားပြောပြီးနောက် သူမ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ ခန္ဓာကိုယ်မှာ သဘာဝမကျ တွန့်လိမ်သွားသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now