မိုးစက်တို့ရဲ့ဖူးစာ

ابدأ من البداية
                                    

နည်းနည်းမဟုတ်ဘူး အများကြီးထူးဆန်းတယ် လူတယောက်ကအခုမှစတွေ့ဖူးတဲ့သူကိုအိမ်လိုက်ပို့တဲ့အထိလွယ်လွယ်နဲ့ မရင်းနှီးကြဘူးမလား.ဒါပေမဲ့ မိုးကလဲစဲမဲ့ပုံမပေါ်ဘူး အခုနေငြင်းလိုက်လို့ရင်လဲ ဒီနေ့ ငါအိမ်ပြန်ရပါ့မလားတောင်မသိဘူး ဘာဘဲဖြစ်ဖြစ်
ဟိုက စေတနာနဲ့နေမှာပါလေ။

" ဒါဆို ကျေးဇူးပါ ထယ်ယောင်းရှီး.."

____________မိုးစက်တို့ရဲ့ဖူးစာ_______

ကိုယ်နေတဲ့တိုက်ခန်းအောက်ရောက်တော့ သူပါအတူတူလိုက်ဆင်းလာကာ။

" ဒီ ထိတောင်လိုက်ပို့ပေးတာကို ကော်ဖီလေးဖစ်ဖစ်မတိုက်ချင်ဘူးလား
ဟိုဆော့ရှီး.."

" အာ..ဟုတ်သားဘဲ မိုးလဲမစဲသေးတော့ အိမ်ထဲလိုက်ပီး မိုးခနခိုနေလိုက်ပါလား.."

" ကျွန်တော်က နောက်တာပါ.. နေပါစေတော့.. "

" အားမနာပါနဲ့.. ကျွန်တော့်ကိုအိမ်ထိလိုက်ပို့ပေးထားတာဘဲ ကော်ဖီတစ်ခွက်ကတော့တိုက်သင့်တာပေါ့..လာပါ.."

အတင်းခေါ်နေတဲ့သူကြောင့် ငြင်းမနေတော့ဘဲ သူ့နောက်ကသာလိုက်သွားလိုက်သည်။ ယွန်းတန်းကတော့ ကားထဲတွင်အိပ်ပျော်နေလေပီ။

သူနေတဲ့အခန်းကိုရောက်တော့ ဆိုဖာပေါ်မှာ ခနထိုင်နေအုံး ဟုပြောကာ နောက်ဘက်မီးဖိုချောင်ထဲဝင်သွားသည်။

ဟိုဆော့ရှီးက အသန့်ကြိုက်သည်ထင် အခန်းတခုလုံးတွင် ဖုန်တစက်မှမတွေ့ရ ပစ္စည်းတွေဟာလဲ နေရာတကျနှင့် စည်းကမ်းနှင့်နေတက်သူဖြစ်ရမည်။
လှည့်ပတ်ကြည့်နေရင်း စားပွဲပေါ်မှာတင်ထားသည့် သူ့ဓာတ်ပုံဆီသို့ အကြည့်ကရောက်သွားသည်။ ဓာတ်ပုံထဲတွင် ဟိုဆော့ရှီးက အဖြူရောင် အင်္ကျီဝတ်ထားပီး ပြုံးနေခဲ့သည်။
အကြည့်တို့ကဓာတ်ပုံဆီကနေမခွာနိုင်ဖြစ်နေ‌ချိန် ကော်ဖီခွက်ကိုကိုင်ကာ အနားသို့ရောက်လာသည့် ဟိုဆော့ကိုမြင်မှ ဓာတ်ပုံက အကြည့်လွှဲမိတော့သည်။

" ကောင်းကောင်းသောက်ပါ့မယ်..
ဒါနဲ့ဟိုဆော့ရှီးက တယောက်ထဲနေတာလား.. စပ်စုတယ်လို့မထင်နဲ့နော် ကျွန်တော်ကဒီအတိုင်းမေးကြည့်တာ.."

🖇𝚅𝙾𝙿𝙴 𝙾𝚗𝚎 𝚂𝚑𝚘𝚛𝚝 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗~🖇حيث تعيش القصص. اكتشف الآن