ဒီလို ဖော်ပြမှုကြောင့် ဇူအန် ကြောင်သွားသည်။ ချူအိမ်နှင့် ဝမ်အိမ်က ဆက်ဆံရေးကောင်းမွန်ပြီး မဟာမိတ်အိမ်တော်များဟုပင် ပြော၍ရကြောင်း ချူချူယန် ပြောဖူးတာ သတိရလိုက်သည်။

"ကျစ်စ်..ငါကတော့ ဒီမှာများ အရေးပါတဲ့တစ်ယောက်ယောက် ရှိနေတာလားလို့" အနီရောင်ဆံပင်နှင့်လူက နားကို လက်သန်းနှင့် ကလော်နေသည်။  လက်ကိုခါလိုက်ပြီး နားဖာချေးတစ်ချို့ ဝမ်သခင်လေးမျက်နှာကို ကပ်သွားသည်။
"မင်း ချူအိမ်ရဲ့ မင်းသမီး ဒါမှမဟုတ် ချီအိမ်က သခင်လေးသာဆို ငါနည်းနည်း ချိန်မိဦးမယ်။ အရေးမပါတဲ့ ဆန်ကုန်သည်သားက ဒီလို အဆင့်မြင့်တဲ့နေရာကို ဘယ်လိုလုပ် လာရဲတာလဲ"

ဝမ်ယွမ်လုံ၏ တည်ငြိမ်သော မျက်နှာထား ပျက်သွားသည်။ ဒီလူက သူ့ကို နင်းခြေဖို့ ကြိုးစားနေတာပဲ။

ဂေဟာမှူးတစ်ယောက် အစောင့်များနှင့် ရောက်လာပြီး
"ဒီကဆရာတို့ ဒီနေရာကို ဘယ်လိုဝင်လာလဲ မေးခွင့်ရှိမလား" သူက လူရမ်းကားများကို မေးလိုက်သည်။ ဝမ်ယွမ်လုံက ဒီဂေဟာ၏ ပုံမှန်ဧည့်သည်ပင်။ သူ့အိမ်က ပိုက်ဆံရှိပြီး ရက်ရက်ရောရော သုံးတတ်သောကြောင့် သူ့ကို ကောင်းကောင်းဆက်ဆံရန် လိုအပ်သည်။ ဒီလို မတရားမှုကို ခံစားရန် ခွင့်မပြုနိုင်ပေ။

"ဖိတ်စာနဲ့ ဝင်တာပေါ့" အနီရောင်ဆံပင်နဲ့ လူက အဝတ်ထဲမှ တွန့်ကျေနေသော ဖိတ်စာတစ်ခု ထုတ်ပြသည်။

"ကျုပ်ရဲ့ အမြင်မရှိမှုကို ခွင့်လွှတ်ပါ။ ကျုပ်တို့ အင်မော်တယ် ဗိမ္မာန်က ဒီကဧည့်သည်ကို ဖိတ်စာ မပို့ထားမိပါဘူး။ ဒီဖိတ်စာကို ဘယ်ကရလာလဲ မေးလို့ရမလား" ဂေဟာမှူးက ဖိတ်စာကို ဖြန့်မကြည့်လျှင်တောင် ဖိတ်စာစစ်ကြောင်း သိလေသည်။
ဒီဖိတ်စာတွေက အင်မော်တယ် ဗိမ္မာန် က အထူးထုတ်ထားတာ။ အပေါ်က ပုံစံရော သုံးထားတဲ့ ပစ္စည်းပါ ထူးခြားပြီး တစ်ခြားလူတွေ အလွယ်တကူ အတုခိုးလို့ မရဘူး။

"မင်းတို့ ငါ့ကို မပို့ထားဘူးလေ။ ဒါပေမဲ့ ရအောင်လုပ်ဖို့ မခက်ပါဘူး။ ငါတို့အတွက် ဖိတ်စာတစ်ချို့ လုယူလိုက်တာ မကောင်းဘူးလား" ထိုလူက ပုခုံးတွန့်လိုက်သည်။ သူ့လုပ်ရပ်များက ပုံမှန်ဖြစ်နေသလို တည်ငြိမ်နေသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now