ချူဟုန်ခိုင် က သူ၏ မျက်နှာတွင် ဂုဏ်ယူမှုများ ပြည့်ကာ ပြောလိုက်သည်။ “ဒါကြောင့်ပဲ မင်းကို လေ့လာမှုအားမကောင်းဘူးလို့ပြောတာ။ လပြည့်မြို့က လူသိများထင်ရှားတဲ့ မြို့ကြီးတစ်ခုပဲ။ ဒီမြို့က အနီးနားမြို့တွေအတွက် စီးပွားရေးအချက်အချာနေရာတစ်ခုပဲ။ ဒီနေရာမှာ ဆားနဲ့ သံမဏိတွေတောင် ထုတ်လုပ်တယ်။ ပြီးတော့ ချမ်းသာ ကျော်ဇောတဲ့ လူတွေ အသိများတဲ့ မြို့တစ်မြို့လည်းဖြစ်တယ်”
“လပြည့်မြို့မှာ လူဦးရေထူထပ်ရုံသာမကဘူး။ အဲ့ဒါက နေရာအသီးသီးရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ရဲ့ ဖြတ်သန်း ဆုံစည်းရာ နေရာတစ်ခုလည်းဖြစ်တယ်။ ဒါတွေက အတတ်ပညာ မျိုးစုံကို ထွန်းကားစေပြီးတော့ ချမ်းသာ ကြွယ်ဝတဲ့ ပြယုဒ်တစ်ခုကို ဖြစ်ပေါ်စေတယ်။ ဒါဟာ လပြည့်မြို့ပဲ”

သူ၏ ရှင်းပြမှုက ဇူအန်ကို အကြမ်းဖျင်း သဘောပေါက်စေခဲ့သည်။ ဒီနေရာက ရှေးခေတ် တရုတ်ပြည်ရဲ့ ယန်ကျိုးမြို့ လိုမျိုးပေါ့။
ငွေစတစ်သိန်းပေါင်းများစွာနဲ့ ဇက်ကြိုးလွှတ်လို့ ယန်ကျိုးမြို့က ကြိုးကြာကို နှင်…
အဲ့ဒါက ရှေးခေတ်ကလူတွေ တောင့်တကြတဲ့ နေရာတစ်ခုပဲ။
လပြည့်မြို့ကလည်း ဒီလို စီးပွားရေးကောင်းတာမျိုးကို တွေ့ကြုံခံစားနေရတာပဲ။

လမ်းကို အကြမ်းဖျင်းကြည့်ရှု့လိုက်သည်။ အရောင်စုံခြယ်သထားသော ပုံသဏ္ဍာန်အမျိုးမျိုး အဆောက်အအုံများကို တွေ့မြင်လိုက်ရသည်။ခန္ဓာကိုယ်တစ်ပိုင်းကို ဖော်ထားသည့် မလုံမလဲအဝတ်အစားများကို ဝတ်ထားသော မိန်းကလေးများစွာလည်း ရှိနေသည်။ အချို့မှာ ရယ်မောစဉ်တွင် ပါးစပ်ကိုလက်ဖြင့်အုပ်ရယ်နေကြပြီး အချို့မှာ လွတ်လပ်၍ မချုပ်တည်းထားပေ။
ဖောက်သည်တွေကို သူတို့ ဆွဲဆောင်နည်းလမ်းကလည်း အင်မော်တယ်ရှစ်ပါး လိုပဲ အမျိုးစုံ အံသြစရာကောင်းပါပေတယ်။

ချူယွဲ့ရှန် က အသက်ပြင်းပြင်းရှုလိုက်ပြီး အဆိပ်ပြေသွားသောအသံဖြင့်ပြောလိုက်သည်။ “လေညှင်းတောင်မှ ဆွဲဆောင်မှုရှိတဲ့ ရနံ့ချိုချိုလေးနဲ့ ပြည့်နေတာပဲ။ ဒီနေရာမှာရှိတဲ့ မိန်းမလှလေးတွေရဲ့ ချိုမြိန်တဲ့ ကိုယ်သင်းရနံ့ ဖြစ်ရမယ်။ ဒီနေရာက တကယ်ကို ယောက်ျားတွေရဲ့ နိဗ္ဗာန်ဘုံပဲ”

ကီးဘုတ်အင်မော်တယ်-ဇူအန်Opowieści tętniące życiem. Odkryj je teraz