"...."ရှီလဲ့ဇီ

သူ အကြားမှားတာလား။ ဇူအန်ပဲ ခေါင်းချောင်နေတာလား မပြောတတ်တော့ပေ။
တကယ်ပဲ သူဒီလိုပြောဖို့ ဘယ်က သတ္တိတွေ ရလာတာလဲ။

သင်သည် ရှီလဲ့ဇီ ထံမှ အမျက်ပွိုင့် ၆၆၆ ရယူလိုက်သည်။

"မင်းထောင်ချောက်ထဲ ငါကျမယ်လို့ မင်းထင်နေလား" ရှီလဲ့ဇီ အေးစက်စက် လှောင်လိုက်သည်။ ဇူအန် လှည့်ကွက်ထဲ ဝင်ခဲ့ရသော အရှက်ကွဲမှုကို သူမှတ်မိသည်။ နောက်တစ်ကြိမ် အဖြစ်ခံစရာ အကြောင်းမရှိပေ။

သို့သော် ရုတ်တရက် အနီးရှိ သစ်သားတဲထဲမှ နုံနဲ့နဲ့ လူတစ်ယောက် ထွက်လာသည်။
"ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်ဆူနေရတာလဲ"

ရှီလဲ့ဇီ မျက်မှောင်ကြုတ်၍ လှည့်ကြည့်ရာ အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်သည်။ ထိုအဖိုးကြီးက လူပုံစံ တည်သီးခြောက်တစ်ခု တုတ်ကိုင်ထားသလိုပင်။
ဘာဖြစ်နေတာလဲ။ ငါ မီတာ ၃၀ ပတ်လည်ကို စစ်ဆေးထားပြီးသား။ ဘယ်သူမှ မရှိဘူးလေ။
သို့သော် အဖိုးကြီးထံမှ ကီကို အာရုံမရသောကြောင့် ရှီလဲ့ဇီ စိတ်ချသွားရသည်။
သူက သာမန်လူအိုကြီးတစ်ယောက်ပဲ။ ဘာမှ ကြောက်စရာ မလိုဘူး။

ထို့ကြောင့် သူ့ကို လျစ်လျူရှူကာ ဇူအန်ကို စိုက်ကြည့်လိုက်ပြီး
"မင်းရဲ့ တမလွန်ခရီးကို အဖော်လုပ်မယ့်လူ နောက်တစ်ယောက် ရှိလာတာပဲ"

ဇူအန် ဥယာဉ်မှူးနောက် အမြန်ဝင်ပုန်း၍
"အကြီးအကဲ သူက ခင်ဗျားကို မလေးမစားလုပ်နေတာ"

ပြောစရာမလိုအောင် ထိုလူကြီးက လောင်မိုင်ပင်။ ဇူအန်က ကြုံရာကျပန်း ပြေးနေခြင်းမဟူတ်ပေ။ လောင်မိုင်အိပ်ဆောင်ကို ဦးတည်ပြီး ပြေးလာခြင်းဖြစ်သည်။ မိန်လိကို အားကိုးလို့မရမှတော့ ချူအိမ်တစ်ခုလုံးတွင် သူ့ကို ကယ်နိုင်တာ လောင်မိုင်ပဲ ကျန်တော့သည်။

"မင်း ရန်တိုက်ပေးတာကလည်း အတော်လေး ဆန်းတာပဲ" လောင်မိုင် မျက်မှောင်ကြုံ့၍ မှတ်ချက်ချလိုက်သည်။ ဇူအန် အပြင်လူတစ်ယောက်ကို သူ့ထံခေါ်လာပြီး သူ့အကြောင်းပေါ်သွားစေနိုင်သောကြောင့် မကျေနပ်ပေ။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now