သူ့စစ်သား နှစ်သိန်းကို သတ်ဖို့ကတော့ သူ့အကြံမဟုတ်ချေ။ လက်နက်ချပြီးသား လူတစ်ယောက်အနေနဲ့ သူက သူပုန်များကို တားပိုင်ခွင့် မရှိပေ။
ခြေလှမ်းအမှားတစ်ခုက သူ့ကို အဝီဇိအထိ ဆွဲချသွားနိုင်လေသည်။ ပြန်လှည့်ရန် အခွင့်အရေး မရှိတော့ချေ။

ဒါပေါ့ ဇူအန် ကျန်းဟန်ကို အနည်းငယ်သနားမိသော်လည်း ဒီလိုအချိန်တွင် ထပြောရလောက်တဲ့အထိ ဇူအန် မတုံးပေ။ အခြေအနေကို ဘေးမှစောင့်ကြည့်ကာ မိန်လိ ဘယ်လိုလုပ်မလဲ သိချင်နေသည်။

"ခုနလေးတင်ကပဲ ငါ ချင်ပြည်နဲ့ မင်းတို့အားလုံးအတွက် ကျန်းဟန်ကို သတ်ပြီးပြီ" မိန်လိ ဇူအန်ကို မျက်ရိပ်ပြကာ ခေါင်းဆောင်းနှင့် လှံတံကို ရေကန်ထဲပစ်ချခိုင်းလိုက်သည်။
"ဒါက သူ့ခေါင်းဆောင်းနဲ့ လက်နက်ပဲ"

ဇူအန် ရင်နာသွားရသည်။ ထိုခေါင်းဆောင်းနှင့် လှံတံမှာ နက်မှောင်တောက်ပနေ၍ သာမန်ပစ္စည်းမဟုတ်ကြောင်း သိသာသည်။ သူမြေပြင်ပေါ် ပြန်ရောက်ချိန် လေလံပွဲတွင်သာ တင်လိုက်ပါက အသည်းအသန် လေလံဆွဲကြမည်ပင်။ ဒီလို လွှင့်ပစ်လိုက်ရမှာ တကယ်နှမြောစရာပင်။
သို့သော် ရေကန်ထဲကိုကြည့်လိုက်ပြီး မျက်လုံးသိန်းချီ မြင်လိုက်စဉ် ကြက်သီးပင် ထလာရသည်။ သက်ပြင်းချ၍ ရေကန်ထဲကို နှမြောစွာ ပစ်ချလိုက်ရသည်။

ရေထဲကျသွားသော် ချက်ချင်း မကောင်းဆိုးဝါးဝိညာဉ်များ မျက်လုံးများနီရဲကာ ဝိုင်းအုံလာကြသည်။ ပစ္စည်းနှစ်ခုကို ကျန်းဟန်ဟု မှတ်ယူပြီး ပါးစပ်ဟကာ ကိုက်နေကြသည်။

ဇူအန် ကြောင်သွားသည်။
ဘာလားဟ။ ကျန်းဟန် ခေါင်းဆောင်းနဲ့ လှံက ထိုက်ဝူဓားနဲ့ အဆင့်အတန်း သိပ်မကွာဘူး။ ဒါကို သူတို့က ပါးစပ်နဲ့ကိုက်နေတာလား။
သို့သော် ထိုအရာနှစ်ခု ဖြည်းဖြည်းချင်း သေးငယ်သွားတာ အံ့အားသင့်စရာပင်။ မကြာခင် လုံးဝ ပျောက်ကွယ်သွားလေသည်။

"..."ဇူအန်

မကောင်းဆိုးဝါးဝိညာဉ်များ၏ ရန်ငြှိုးသည်  ကျန်းဟန်ပစ္စည်းနှစ်ခုကို ဝါးမြိုပြီးနောက် နည်းနည်း လျော့သွားလေသည်။ အမှန်တော့ တစ်ချို့တွင် တည်ငြိမ်သော မျက်နှာများပင် ပေါ်လာသည်။

ကီးဘုတ်အင်မော်တယ်-ဇူအန်Where stories live. Discover now