အပိုင်း ၁

Start from the beginning
                                    

" ကြီးငွေခင် ကျွန်တော်ခပ်လို့ပြီးပြီဗျ "

" အေးကွယ် ရော့ ဒီမှာ"
ကြီးငွေခင်သည်အိတ်ထဲမှ တစ်ထောင်တန် ၂ ရွက်ကိုထုတ်ပေးလိုက်သည် ။ ကျွန်တော်လည်းလက်နှစ်ဖက်ဖြင့်ရိုရိုသေသေယူပြီး မိမိရဲ့အိမ်သို့ပြန်လာခဲ့လိုက်တော့သည် ။
အိမ်ရောက်သောအခါ စာတွေကိုပြန်ပြီး ကျတ်နေရသည် ။ ကျွန်တော်သည် ဆယ်တန်းကျောင်းသားတစ်ဦးပါ ။ စာမေးပွဲနီးလာသည်နှင့်အမျှ ကျွန်တော်ပိုပိုပြီးစာကိုကြိုးစားလုပ်လာခဲ့သည် ။ ရေခပ်ထင်းခွဲကတော့ ခြွင်းချက်ပေါ့ ။ ယခင်က ကျွန်တော့်အသားအရေက ညိုတယ်ဗျ ။အရမ်းကြီးတော့မညိုဘူးပေါ့ ။အရပ်ကတော့မထွက်သေးတာလား ။မထွက်တော့သည်လားမသိ ။ ၅ပေ၆ နားမှာရပ်နေလေ၏ ။
-----------------------------------------
ယနေ့သည် ကျွန်တော်ဘဝကိုအဆုံးဖြတ်ပေးမဘ့်ဆယ်တန်းစာမေးပွဲ ကြီး ပြီးသွားသည့်နေ့ပင် ။ ရွာမှာ ကျွန်တော်စာမေးပွဲရှိ၍မည်သူမျှမခိုင်းကြပေ ။ သူကြီးတို့လင်မယားကတော့ အမြဲမှာသည် ။
" စာကိုသာအာရုံစိုက် " တဲ့ ။

ယခုစာမေးပွဲကို အကောင်းဆုံးဖြေခဲ့ပေမယ့်လည်း ဆယ်တန်းစာမေးပွဲက ကံနှင့်လည်းဆိုင်သောကြောင့် သိပ်ပြီးမ မှန်းရဲပေ ။ ဂုဏ်ထူးမပါလျှင်နေပါစေ ။ အောင် ရုံ ဆိုလျှင်ကျေနပ်ပါသည် ။

ယခုကျောင်းမှထွက်ထွက်ချင်း ချောင်းသို့လာရန် ထွက်လာခဲ့သည် ။ချောင်းမှာရေချိုးပြီးမှပြန် ရန်ဆုံးဖြတ်ထားသည် ။ ချောင်းသို့ရောက်သောအခါ အဖြူရောင်အင်္ကျီနှင့် အစိမ်းရောင်ပုဆိုးကိုချွတ်လိုက်သည် ။ ယခုအပြုံးတွင် ဒူးလောက်ထိရှည်သော ဘောင်းဘီတိုသာရှိတော့သည် ။
"မချိုးရတာကြာပြီ ဒီနေ့တော့အဝ ကြီးကိုချိုးပစ်အုံးမယ် ကဲစမယ် ၁ ၂.... "
အပြုံးရေနေတုန်း ချောင်းစပ်နားမှာလူတစ်ယောက်မေ့လဲနေတာသိ၍ ချက်ချင်းပင်ထိုနေရာသို့အပြေးလာခဲ့သည် ။
" ဟေ့လူ..... ဟေ့လူ "
အပြုံးနိုးနေပေမယ့်လည်းမနိုးလာသောကြောင့် အနီးအနားရှိလူကြီးတွေကိုခေါ်ကာ အပြုံးအိမ်သို့ခေါ်လာခဲ့လိုက်ရတော့သည် ။
" အပြုံး ကိုယ်နဲ့မသိတဲ့လူကို ဘာလို့ခေါ်လာရတာလဲ တော်ကြာ မကောင်းတဲ့လူဆိုရင်ဘယ်လိုလုပ်မလဲ "

ဦးကိုချစ်တဲ့ကောင်လေးWhere stories live. Discover now