"ခေါက်..ခေါက်...."
"Boss...ဒီနေ့နှစ်သစ်ကူးပြောင်းမဲ့နေ့လေစောစောထရမှာပေါ့...."
နန္ဒတစ်ယောက်အခန်းရှေ့မှအော်ကာတံခါးကိုခေါက်လေတော့သည်။
*ကျစ်ဒီကောင်ကွာ...ကောင်းတဲ့အခန်းရောက်ကာမှမီးပျက်တယ်ဆိုသလိုမျိုးဖြစ်နေပြီ...*.
မြတ်မင်းပိုင်လည်းသာဗျောနှုတ်ခမ်းသို့ပြွတ်ခနဲနမ်းပြီးထသွားတော့သည်။သာဗျောလည်းရှက်စိတ်ကလေးဖြင့်အိပ်ယာပေါ်မှဆက်ခနဲထကာဆံပင်များကိုသပ်လိုက်တော့သည်။
"မင်းကွာ...အချိန်ကောင်းမှလာခေါ်ရတယ်လို့.လာလာအခန်းထဲခဏဝင်ထိုင်ကြနှစ်ယောက်လုံး...ငါတို့ရေချိုးလိုက်ဦးမယ်"
စကားလည်းပြောရင်းအခန်းထဲသို့ဝင်လာကြ
ပြီးကုတင်ပေါ်သို့နန္ဒနှင့်လရောင်တို့ထိုင်ချလိုက်တော့သည်။သာဗျောသည်လည်းရေချိုးဖို့အတွက်သူ၏အင်္ကျီများကိုချွတ်မယ်အပြင်.."ငယ်..ဘာလို့သူများတွေရှေ့မှာအင်္ကျီချွတ်နေတာလဲ"
"သြော်...ဦးရယ်..ယောက်ျားချင်းပဲ...ဘာရှက်စရာရှိလဲ"
နန္ဒနှင့်လရောင်ဟာလည်းသေချာစိုက်ကြည့်နေကြသည်။
"ယောက်ျားချင်းဆိုပေမဲ့...ကိုစိတ်မချဘူးလေငယ်....ငယ်ရဲ့ခန္ဓာကိုယ်ကို ကိုကလွဲပြီးဘယ်သူမှမြင်ခွင့်ရှိတာမဟုတ်ဘူးဆိုတာသိတယ်ဟုတ်"
"ဟုတ်ပါပြီ"ဆိုကာရေချိုးခန်းထဲသို့သာဗျောဝင်သွားတော့သည်။မြတ်မင်းပိုင်လည်းနန္ဒတို့နှစ်ယောက်ကိုကြပ်ကြပ်သတိထားဆိုပြီးလက်ညှိးဖြင့်ထိုးကာရေချိုးခန်းသို့ဝင်သွားတော့သည်။
ခဏကြာတော့နှစ်ယောက်သားရေချိုးခန်းထဲမှထွက်လာပြီးရေများစင်အောင်သုတ်ကာအဝတ်အစားဝတ်လိုက်ကြသည်။သာဗျောကတော့ဗမာ့ယဉ်ကျေးမှုပုဆိုးလေးနှင့်ပဲယဉ်တိုင်းလှနေတော့သည်။မြတ်မင်းပိုင်ဟာလည်းအင်္ကျီလက်ရှည်အဖြူအပါးလေးဝတ်ကာအောက်တွင်ဒူးခေါင်းပေါ်ဘောင်းဘီလေးကိုလည်းဆင်မြန်းထားသည်။ နေကာမျက်မှန်ကလည်းရင်ဘတ်မှာထိုးထားသေးသည်။အသားကလည်းမဖြူတဖြူဖြစ်ပြီးခြေသလုံးတွင်လည်းအကြောစိမ်းများကအထင်းသားပင်။ဖိနပ်ကတော့ကြိုးသိုင်းဖိနပ်လေးပဲဝတ်ထားသည်။
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...
အပိုင်း(၁၃)Zawgyi
Start from the beginning