စတွေ့တဲ့နေ့က သူဟာ တီရှပ်အဖြူကို အစိမ်းရင့်ရင့်ပုဆိုး အကွက်စိပ်ကလေးနှင့် တွဲဝတ်ထားသည်ကို ကျွန်မ မှတ်မိသည်။
လူတိုင်း အဖြူအစိမ်းနဲ့ချည်းဆိုပေမယ့် သူကတော့ ကျွန်မအမြင်မှာတမျိုးလေး ထူးခြားနေခဲ့သည်။
သူ့အသားက နည်းနည်းညိုသည်။ ခပ်တည်တည်မျက်နှာလေးနဲ့အတူ သိပ်လှတဲ့ မျက်လုံးလေးတွေကိုလည်းပိုင်ဆိုင်ထားသေးသည်။ ထိုမျက်ဝန်းလေးတွေအပေါ်မှာမှ ဖြောင့်တန်းနေတဲ့ မျက်ခုံးထူထူတွေ...။
ဒီနေ့ အတန်းပြီးလို့ကျောင်းကန်တင်းမှာ မုန့်လာစားရင်း သူ့ကို ထပ်မံတွေ့ ခွင့်ရခဲ့သည်လေ..။
မျက်နှာချင်းဆိုင်ဝိုင်းမှာ ထိုင်နေတဲ့ သူ့ကို နွယ်သတိထားကာ ကြည့်လိုက်မိသည်။
ပြောမပြတတ်တဲ့ ဖမ်းစားမှုလေးတွေကြောင့် နွယ့်မျက်လုံးတွေ ထိုလူသားအပေါ် အချိန်အတော်ကြာ ကျက်စားသွားခဲ့သည်။
အချိန်တွေဘယ်လောက်ကြာသွားသလဲ နွယ် မသိ။
သူ နွယ့်ဘက် လှည့်အကြည့်မှာ နွယ့်အကြည့်နဲ့ သူ့အကြည့်ပက်ပင်းတိုးလေသည်။
နွယ့်မှာရှက်မိသွားကာကယောင်ကတမ်းဖြင့် အကြည့်တွေကို သူ့ဆီမှ အမြန်ရှောင်ဖယ်လိုက်မိသည်။
ဒါကတော့ နွေးသက်နွယ်ဆိုတဲ့ကျွန်မရဲ့ ပထမဆုံး ရင်ခုန်သံမြန်ခဲ့တဲ့ နေ့လေးတစ်နေ့...။
အကြည့်ချင်းပက်ပင်းတိုးပြန်တော့ နွယ့်သူငယ်ချင်း နုနုဝေ ပြောနေကြစကားကို ပြေးသတိရမိသည်။
"အကြည့်ချင်းဆုံ ရွှေရင်ခုန်တော့
မလုံသူက ပြုံးစတမ်း" တဲ့လေ။
ရုတ်တရက် မနက်ကမှ တီချယ်ပြောပြသော 'ဆရာ ဆရာမတွေက သိပ်ကို အကဲခတ်တတ်တယ်။ မင်းတို့လည်း ဆရာ ဆရာမတွေဖြစ်လာရင် လူတိုင်းကို အကဲခတ်တတ်သွားလိမ့်မယ်' ဆိုတဲ့စကားကို တွေးမိပြီး နွယ့်မျက်နှာ ပူခနဲ ဖြစ်ရပြန်သည်။
သူကကော နွယ်နှင့် Batch တူသလား။
နွယ့်ထက် Batch စောသလား။ နွယ် မသိ..။
နွယ်ကြည့်နေတာ သူ ရိပ်မိသွားလေသလား။
ŞİMDİ OKUDUĞUN
IDENTICAL HEARTS
Kısa Hikayeပညာရေးတက္ကသိုလ်ကို အတည်ပြုလို့ ထပ်တူကျခဲ့တဲ့ နှလုံးသားတစ်စုံ၊ တာဝန်တွေနဲ့ ပြည့်နေတဲ့ ထိုနှလုံးသားတစ်စုံ၊ ထိုနှလုံးသားတစ်စုံကကော အချိန်တန် ပေါင်းဖက်နိုင်မည်လော...။
