အခန်း ၁။

Start from the beginning
                                    

ဂုဏ်တွေတပ်ရလောက်အောင်လည်း မဟာမြတ်သူက တော်ဝင်ဆန်ကာ အေးချမ်းသည့်မျက်နှာထားလေးနှင့်ဖြစ်သည်။ အမြဲတစေပြုံးရယ်နေတတ်ပြီး မျက်နှာချိုပေမဲ့ ထိုအရာတွေက နိမိတ်ရှိန်ဝါအတွက်တော့ဟုတ်မနေပါချေ။

ထိုသို့သော အေးချမ်းသည့်မျက်နှာထားနှင့် နူးညံ့ကြင်နာမှုသည် နိမိတ်ရှိန်ဝါနှင့်သာဆို သို့မဟုတ် နိမိတ်ရှိန်ဝါနာမည်ကြားသည်နှင့် ရဲပတောင်းခတ်လို့ တရှူးရှူးတရှားရှားဖြင့် ဒေါသကြီးတတ်သည့် နဂါးပေါက်စပင်ဖြစ်လာတော့သည်။

လောကမှာ မဟာမြတ်သူရဲ့ရန်သူတော်ပြိုင်ဖက်ကိုပြပါဆိုလျှင် နိမိတ်ရှိန်ဝါတစ်ဖြစ်လည်း သူ့ရဲ့အမျိုးသားအိမ်ထောင်ဖက် တစ်နည်း သူ့ယောက်ျားသာလျှင်ရှိသည်။

လူတိုင်းအပေါ်ချိုသာညက်ညောပေမဲ့ နိမိတ်အပေါ်မှာတော့ သူ့ဆန္ဒတွေအဲ့သည်လိုရှိမနေပါဘူး။ နိမိတ်နဲ့သူကငယ်ငယ်ကတည်းက တစ်ကျောင်းတည်းတက်ခဲ့ဖူးပေမဲ့ တစ်ချိန်ကမှမတည့်စပ်ခဲ့ကြပေ။ အသက်အရွယ်အားဖြင့်နှစ်နှစ်ကွာသော်လည်း နိမိတ်ကသူ့ကို ရိုသေလေးစားရကောင်းမှန်းလည်းမသိ။

တတိယနှစ်ကျောင်းသားနဲ့ မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရသည်မို့ ကျန်ခဲ့တဲ့ Liberty (လေဘာတီ) ​လုပ်ငန်းစုကြီးအတွက် စီးပွားလောကထဲကို အသက်ငယ်ငယ်နဲ့ပင်ခြေစုံပစ်ဝင်ခဲ့ရသည်။

အဲ့တာကြောင့်လည်း ဒီကောင်ကစီးပွားရေးကိုဘယ်လိုလုပ်ရမလဲသိတယ်။ အထာနပ်တယ်။ နောက်ပြီးပါးလှပ်တယ်။

ဧကရာဇ်အမိန့်နဲ့ အကြီးဆုံးလုပ်ငန်းစုနဲ့တွဲဖက်ဖို့ဆိုတဲ့ စာချွန်လွှာရောက်လာတဲ့နေ့က မဟာမြတ်သူလုံးလုံးမထင်ခဲ့ရတာက နိမိတ်ရှိန်ဝါနဲ့လက်ဆက်ရလိမ့်မယ်ဟူ၍။

သို့သော်မျက်နှာချင်းဆိုင်တွေ့ကြရာမှ ခပ်တည်တည်နဲ့သကောင့်သားက နှာနုရိုးကိုဖြတ်ရိုက်ချင်စရာကောင်းလောက်အောင် အချိုးမပြေပေ။

မင်္ဂလာပွဲအတွက်သူငြင်းသည်။ တကယ်တမ်းဆို အကြီးဆုံးလုပ်ငန်းစုမှာ သားသမီးအရင်းအချာမရှိတောင် ဆွေမျိုးနီးစပ်တဲ့ တူမ သို့မဟုတ် ဝမ်းကွဲညီမတွေကိုလည်းလက်ခံသည်။ သို့သော် အံ့သြစရာကောင်းလောက်အောင် လေဘာတီလုပ်ငန်းစုပိုင်ရှင် နိမိတ်ရှိန်ဝါက သူ့ညီမဝမ်းကွဲကိုလက်ဆက်ဖို့ခွင့်မပြုဘဲ သူကိုယ်တိုင်ကြီးပေါက်ချလာသည်တဲ့။

The Crown ✅Where stories live. Discover now