'ဟုတ်ကဲ့'
ပါပါးက ရုံးကနေအပြေးလာနေသည်မို့ ဆေးရုံတွင် ကျိုးချန်တစ်ယောက်သာရှိနေသည်။ ကျိုးချန် ဆရာဝန်ကြီးရုံးခန်းထဲဝင်ကာ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
'ကျွန်တော် လူနာဝမ်ရိပေါ်ရဲ့အခြေအနေကိုပြောပြဖို့ခေါ်လိုက်တာပါ'
'ဟုတ်ကဲ့...ဘာများလိုအပ်ပါသလဲ ဆရာ'
'ဒီကိုကြည့်ပါ။ လူနာရဲ့နှလုံးက လိုတာထက်ပိုကြီးနေတယ်။ ဒီကိုယ်တွင်းအင်္ဂါတွေကြီးတယ်ဆိုတာ thalassemiaရဲ့လက္ခဏာတွေပါပဲ။ အဲ့ဒါထက်ကို လူနာကအခု ဆေးရုံကို heartattackနဲ့ရောက်လာတာပါ။ နှလုံးကို လုံလောက်တဲ့သွေးမရောက်နိုင်တာပေါ့။ ဒီအတိုင်းဆို လူနာက သိပ်မခံတော့ဘူး'
'သွေးအမြဲသွင်းရင်ရောဆရာ...ကျွန်တော့ညီလေးကို ကယ်ပေးပါဦး ဆရာရယ်။ ဘယ်လောက်ကုန်ရကုန်ရပါဗျာ'
'စိတ်ထိန်းပါဦးဗျာ။ သောကကို နားလည်ပါတယ်။ ဒါပေမယ့် လူနာက ၁၈နှစ်အထိ တောင့်ခံလာခဲ့ပြီးပါပြီ။ ဒီလိုအသိပေးရတာ စိတ်မကောင်းပေမယ့် အများဆုံးနေရရင် နောက်တစ်နှစ်ပါပဲဗျာ'
'ဆရာရယ် ကျွန်တော့်ညီလေး...ကျွန်တော့်ညီလေး'
'အရင်ဆုံး လူနာကို စိတ်ချမ်းသာအောင်လေး ထားပေးပါ။ လူနာရှင်ကိုယ်တိုင်က စိတ်မပျော်ရင် လူနာက ဘယ်ပျော်နိုင်ပါ့မလဲဗျာ။ မျက်ရည်တွေသုတ်လိုက်ပါ။ လူနာက မကြာခင်နိုးလာတော့မှာမို့ အားတင်းထားပါဗျာ'
ကျိုးချန် ရိပေါ်ရဲ့ဆေးရုံခန်းထဲသို့ဝင်လာတော့ ပါပါးကရောက်လို့နေပြီ။ ကျိုးချန်ကိုမြင်တော့ ရိပေါ်လက်ကိုကိုင်ထားတဲ့ပါပါးက ထလာပြီး မေးမြန်းတော့သည်။
'ဆရာဝန်ကြီးက ဘာပြောလိုက်သလဲ သား'
'ညီလေးမှာ အချိန်တစ်နှစ်ပဲကျန်တော့တယ်တဲ့ ပါပါးရယ်'
'ဘယ်လို...သားရယ် နေပါဦး ပါပါးကိုယ်တိုင် ဆရာဝန်ကြီးနဲ့သွားတွေ့မယ်'
'ပါပါး...'
ကျိုးချန်ကငိုကာ ပါပါးကို ခေါင်းခါပြသည်။ ထို့နောက် ဖြစ်သမျှအကုန် ပါပါးကိုပြောပြလိုက်တော့ ပါပါးက ကျိုးချန်ကိုဖက်ကာ ငိုလာတော့သည်။
![](https://img.wattpad.com/cover/294058629-288-k924479.jpg)
YOU ARE READING
It will be okay [𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]
FanfictionWhen Thalassemia patient Yibo loved to someone doesn't love him...
It will be okay Final-1 (Zawgyi)
Start from the beginning