အခန်း (33)

Börja om från början
                                    

[တင်းတောင်...အယ်လန့်ရဲ့နှစ်သက်မှု 2မှတ်ထပ်တိုးပါတယ်.. စုစုပေါင်း 90ပါ..]

ဉီးနှောက်ထဲမှာ ဗလာကျင်းသွားတာကြောင့် ရှုဝမ်ဟောင် တောင့်တောင့်ကြီး ရပ်နေသေးတယ်....

သည်းမခံနိုင်လောက်တဲ့ မြင်ကွင်းမျိုးကို ကြိုတင်မှန်းဆထားပေမယ့် တကယ်တန်းလက်တွေ့ ရင်ဆိုင်လိုက်ရချိန်မှာ ရရှိလာတဲ့စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေက သူမျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်နေတယ်....ဒါဟာ ဟာရီကိန်းနဲ့ ဆူနာမီနှစ်ခုပေါင်းပြီး ကုန်းမြေတစ်ခွင်ကို တိုက်ခတ်ဖျက်စီးလိုက်တာနဲ့ အလားသဏ္ဍာန်တူညီနေတယ်.....ကြမ်းပြင်ပေါ်မှာလဒကျနေတဲ့ ဆရာ့ ဆီကနေ အကြည့်မခွာနိုင်ခဲ့ပေ....ဒီဆရာကြောင့် မထင်မှတ်ဘဲ ထူးခြားတဲ့ စိဆ်ဆန္ဒတွေဖြစ်တည်လာ​ခဲ့ရတယ်...

ဆရာ့ကို အခုလို ယောက်ကျားတစ်ယောက်အောက်ရောက်နေမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး....အခုလိုမြင်လိုက်ရတော့ သူ့ရင်ထဲမှာ ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားနေခဲ့ရတယ်....

နောက်ဆုံးတော့ ဒီခံစားချက်က ဘာလဲဆိုတာ သူနားလည်သွားခဲ့ပါပြီ.....

သို့သော်လဲ  ထိုခံစားချက်ကိုနားလည်သွားချိန်မှာ သူ့ကိုယ်သူ ငရဲကျနေသလိုခံစားလိုက်ရခြင်းကသာလျှင် အရက်စက်ဆုံးသော ခံစားချက်ဖြစ်မှန်းနားလည်ခဲ့ရပြန်တယ်....သူ့ကြောင့်သာ...ဆရာ...အခုလို...ယောက်ကျားတစ်ယောက်ရဲ့ အနိုင်ကျင့်စော်ကားခြင်းခံလိုက်ရတာ....

[တင်းတောင်...ရှုဝမ်ဟောင်ရဲ့နှစ်သက်မှု 5မှတ် ထပ်တိုးပါတယ်...စုစုပေါင်း 95မှတ်ပါ...]

အတွေးတွေများနေသော်လဲ လက်တွေ့မှာတော့ စက္ကန့်ပိုင်းမျှလောက်သာကြာမြင့်ခဲ့ပါတယ်.....ရုတ်တရက်ကြီး လူဝင်လာမယ်မထင်ထားပေမယ့် လီဟုန်ရွှမ်းက သူ့ရဲ့ကုတ်အင်းကျီနဲ့ ရှဲ့ဟယ်ကို လွှမ်းခြုံပေးလိုက်ပြီး သူကိုယ်တိုင်လဲ အမြန်နှုန်းနဲ့ အဝတ်အစားကောက်ဝတ်လိုက်တယ်...ပြီးတာနဲ့ ကျားသစ်တစ်ကောင်လိုအမြန်နှုန်းနဲ့ ရှုဝမ်ဟောင်ကို ကန်ကျောက်ပစ်လိုက်လိုက်​ပြီး အခန်းတံခါးကို ပိတ်ချလိုက်တယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာDär berättelser lever. Upptäck nu