အပိုင်း (၉)Uni

Start from the beginning
                                    

"အမေ့ကိုသားပြောစရာရှိလို့"

"ပြောလေ...ဘာများလဲ"

ဆိုကာကော်ဖီကိုတစ်ငုံသောက်ရင်းစကားဆိုလိုက်သည်။

"သားပြည်ပက်ိုအလုပ်ကိစ္စနဲ့သွားစရာရှိတယ်....တစ်လလောက်တော့ကြာမယ်"

ဒေလီယာလည်းအံ့သြကာသွေးပျက်သွားသည်။မြန်မြန်စေ့စပ်ရမည့်ကိစ္စကိုအချိန်ဆွဲနေသလားလို့တောင်ထင်မိသည်။

*ငါ့အဖေဆီကဒီသတင်းမကြားမိပါဘူးးးအဖေကMyat Companyနဲ့ပက်သက်တဲ့ကိစ္စတွေဆိုငါ့ကိုပြောနေကြပါ...အခုကိစ္စကိုတော့ငါမကြားမိဘူး..တစ်ခုခုပဲ....*

ဦးမြတ်မင်းလည်းမသိချင်ယောင်ဆောင်နေလိုက်သည်။ဒေါ်သူဇာတစ်ယောက်စိတ်ထဲဘဝင်မကျကာမျက်မှောင်ကျုံ့ပြီးမေးလိုက်သည်။

"မသွားလို့မရဘူးလားသားဒေလီနဲ့စေ့စပ်ရမှာလေ..အခုဆို၁နှစ်တောင်ကြာသွားပြီ..အမေလည်းသာတို့အဆင်ပြေပါစေဆိုပြီးလွှတ်ထားတာ.."

"သားတောင်းပန်ပါတယ်အမေ...အခုသွားရမှာကအရေးကြီးလို့ပါ...သားပြန်လာတာနဲ့ကြိုက်သလိုစီစဥ်ပါအမေ"

*ငါသွားမှာ၁လဆိုတော့အမေစိတ်ပြောင်းသွားရင်ပြောင်းသွားမှာစေ့စပ်ဖို့ကိစ္စကိုဖျက်အောင်လို့အမေ့ကိုသေချာနားချရမယ်...*

"ဟုတ်ပြီသား ဒါဆိုသားဟိုကပြန်လာတာနဲ့အမေတန်းစီစဥ်မှာနော်"

"ဟုတ်ကဲ့ပါအမေရဲ့"

​မြတ်မင်းပိုင်လည်းထိုသို့ပြောပြီး၍စားပွဲဝိုင်းမှထသွားလေတော့သည်။ထိုနေရာတွင်ကျန်ခဲ့လေသောဒေလီယာတစ်ယောက်ရင်ထဲကမီးခဲကိုစွလိုက်သလိုတဟုန်းဟုန်းတောက်လောင်နေတော့၏။

မြတ်မင်းပိုင်တစ်ယောက်ခရီးထွက်ရန် သူ၏လက်ထောက်(အတွင်းရေမှူး)နန္ဒဆီသို့ဖုန်းဆက်လိုက်သည်။

"ဟယ်လို..နန္ဒလား စင်္ကာပူကိုသွားဖို့လေယာဥ်လက်မှတ်ဝယ်ထားလိုက်...ပတ်စ်ပို့စ်ရောပဲသေချာလုပ်ပါဘာအမှားအယွင်းမှမရှိစေနဲ့ကြားလား"

"ဟုတ်ကဲ့ပါBoss ဒါနဲ့Bossကစင်္ကာပူကိုဘာသွားလုပ်မှာလဲကျွန်တော်တောင်မသိရပါလား...အကြောင်းအရင်းလေးများပြောပြနိုင်မလား"

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now