Love Knot (Uni + Zaw )

307 9 0
                                    


Unicode >.<

ကျေးငှက်တေးသံသီကျူးမှု များနှင့်အတူ
ဝါကျင့်ကျင့်သစ်ရွက်တို့သည်လည်း
ရွက်ဟောင်းကြွေ၍ မြေပြင်ပေါ်၌ ဘဝကူးရသည် ။
နေရောင်များလည်းပူသထက်ပူလာ၍
လေပြင်းပြင်းများလည်း တိုက်ခက်နေသည်။
ကျွန်တော့်ရဲ့ တိတ်တခိုး ချစ်ရသူလေးကတော့
သူသွားချင်တဲ့ Phuket ကမ်းခြေကိုအားလပ်ရက်မှာသွားခွင့်ရသည့်အတွက် အရမ်းပျော်နေရှာလေသည်။

" ချော်လဲမယ်လို့ Kritt ဖြေးဖြေးသွားပါဆို"
"ဟာ Billkin !လိုက်ချုပ်ချယ်နေပြန်ပြီ လွတ်လွတ်
လပ်လပ်ကိုမနေရဘူး "
ဟောကြည့် ကိုယ်ကဖြင့်သူ့ကိုစိုးရိမ်လို့ ပြောတာကို သူကကိုယ့်ကိုတောင် ပြန်ဟောက်လိုက်သေး
စေတနာက ဝေဒနာပင် ဖြစ်ရသည်။

"ဟွန့် အကျင့်ပုတ်Billkin လိုက်မလာနဲ့နော်နေခဲ့
မဟုတ်ရင်စိတ်ကောက်ပလိုက်မှာ "ဟုနှုတ်ခမ်းဆူဆူ
နှင့်ဆိုကာ Billkinကို ထားခဲ့၍ အမြန်ပင် Billkin
မမြင်နိုင်တဲ့နေရာမှာ ရေသွားဆော့နေလေသည်။
Billkinကတော့အုန်းရည်သောက်ကာကျန်ခဲ့လေသည်။
သူလိုက်မသွားရဲပါ PPkritt စိတ်ကောက်ရင် အရမ်းချော့ရခက်သည်မှာ သူအသိပင်။

"ဘုတ်!"
Billkinပြောသည်ကိုဂရုမစိုက်ပဲ ပြေးလာမိတာခုတော့ ချော်ကာ လူတစ်ယောက်ရဲ့ရင်ခွင်ထဲ စုန်းစုန်းမြုပ်သွားသည်။
"ဖြည်းဖြည်းသွားလေ ကောင်လေးရဲ့"
ထိုလူ့ဆီမှအသံခပ်အုပ်အုပ်ထွက်လာသည်။
Ppမခို့တရို့မော့ကြည့်လိုက်ကာ ဆံပင်ရှည်ရှည်တွေကိုစုစည်း ထားပြီး မျက်နှာအနေအထား အသံတွေကအစ အကုန်PPkritt ရဲ့ Idea Typeပင်။
"ဟုတ် တောင်းပန်ပါတယ်"
ဒီလိုနဲ့ပဲ အားနာသမှုနှင့်PPမုန့်ပင် လိုက်ကျွေး
လိုက်သေးကာ ထိုသူနှင့်ရင်းနှီးမှုရယူခဲ့သည်။

"ကြာလိုက်တာKrittရာ အက်လောက်အကြာကြီးရေတွေဆော့လာရလား ခုလာခဲ့ခေါင်းသုတ်ပေးမယ်"

PPနှင့်Billkinကငယ်ငယ်လေး ကတည်းကပေါင်းလာတဲ့ သူငယ်ချင်း ပင်ဖြစ်လင့်ကစား ညီအကိုလိုပဲအရမ်းရင်းနှီးသည် ပွင့်လင်းသည် ။
အချိန်အကြာပြီး အတူတူဖြတ်သန်းလာမှုနှင့်အတူ Billkinတစ်ဖက်တည်းက PPအပေါ် မရိုးသားသည့် ခံစားချက်များ ရှိလာခဲ့သည် ။သို့သော်ဝန်မခံရဲ PPကယောကျာ်းလေးချင်းစိတ်ဝင်စားပါ့မလား ။
နောက်တစ်ခုကPPဘက်ကလက်မခံခဲ့သော် နှစ်ယောက်ရဲ့ Fri Relationship ပါ ပြတ်မည်ဖြစ်၍ Billkinထိုအဖြစ်ကိုလက်မခံပါ။

Love Knot       (One Shot)Where stories live. Discover now