ကမ္ဘာ လက်က ကင်းမွန် ယူ၍ စားလိုက်သည်။ သူ ပင်လယ်စာနှင့် မတည့်ပါ။ နောက် ရေဘဝဲ အစရှိသည့် အမျိုးမျိုးသော ပင်လယ်စာတွေကိုသာ ရွေးစားနေသည်။
ကမ္ဘာ ကင်းမွန် ကောက်ယူကတည်းက ဘေဘီ မသိသလို နေ,နေတာ နောက်ပြီး ပါးစပ်ထဲ ခွံ့လိုက်တော့ ကိုယ်လေး တစ်ချက်တုန်သွားသည်။
ငယ်က ပင်လယ်စာမှ မတည့်ဘဲ.....
သူက ပင်လယ်စာ ကြိုက်သလောက် ငယ်က ပင်လယ်စာဆို မတည့်။ ဘေဘီ ဘယ်လောက် စိတ်ဆိုးဆိုး၊ စိတ်ကောက်ကောက် ကမ္ဘာ့ကိုတော့ စိတ်ပူသည်။
လက်က တစ်ဆက်တည်း ပင်လယ်စာတွေကို ကမ္ဘာ လက်လှမ်း မမှီအောင် သူ့နား ယူလိုက်သည်။ ဒါတောင် ပေစောင်းစောင်း ကြည့်နေသေးသည်။
" ကိုကိုက ပင်လယ်စာ ကြိုက်တာလား "
ရာရာက ကမ္ဘာ့ကို ကြည့်၍ မေးသည်။
" ကြိုက်တယ် "
ကမ္ဘာ ဘေဘီ့ကို စိုက်ကြည့်၍ ဖြေသည်။ ဘေဘီက ငယ် မဆိုးနဲ့ကွာဆိုတဲ့ အကြည့်မျိုးနှင့် ကြည့်နေသည်။
ဒါ သူ မမယ်နဲ့ လိုက်သွားမယ်ဆိုလို့ ပေါင်း ဂျစ်နေတာ။ တစ်ခါတလေ ငယ်က သူနှင့်မတူအောင် ဂျစ်တတ်ပါသေးသည်။
ရာရာ ဘေဘီလုံး ရှေ့က ရေဘဝဲတစ်ကောင်ကို ယူဖို့ လက်ရွယ်လိုက်ပေမဲ့ ဘေဘီက လက်နှင့်ကာလိုက်သည်။
" ဘာလို့လဲ "
" ဒါ ငါ စားဖို့၊ စားချင်ရင် ထပ်မှာ "
ဘေဘီလုံးက မျက်ခုံးတစ်ဖက်ပင့်ကာ စူပုတ်ပုတ် ပြောသည်။ ရာရာက အသားဖတ်တစ်ခုကို ကောက်၍ ကမ္ဘာ့ထဲကို ထည့်ပေးသည်။
ဘေဘီ သိသည်။ သူ့ရှေ့က ရေဘဝဲကို ယူပြီး ကမ္ဘာ့ကို ကျွေးမှာ။ ဒီမိသားစု ဘာမှ မသိဘူး။ ငယ် ဘာနဲ့မတည့်ဘူး။ ဘာကြိုက်တယ် ဆိုတာက အစ။
" ဘေဘီ အပြန် မမယ်နဲ့ လိုက်မှာလား "
" မလိုက်တော့ဘူး...မပြီးပြတ်သေးတဲ့ ကိစ္စလေး ရှိလို့်...ရာရာ့ကို မမယ်ပဲ လိုက်ပို့ပေးလို့ ရမလား "
" မမယ်က ရပါတယ်၊ မာမီစိမ်း သဘက်ခါ ပြန်ရောက်မှာ၊ ဘေဘီ့အတွက် စိန်သန့်တာလေးတွေ တွေ့လို့ ဝယ်လာတယ်တဲ့ "