part. 2

706 43 3
                                    

"မာမီ ဒါ​တော့သားလုံးဝလက်မခံဘူး​နော်"
"မိဖူးကို​ပေးခိုင်းလိုက်ပါလားဗျာ"

လွှာမိခင်ဖြစ်သူ၏စကားကိုအ​ကြောက်အကန်ငြင်း​နေရသည်
အ​ကြောင်းမှာဟိုဘက်ခြံကိုသွားပြီးအိမ်တက်ဆွမ်း​ကျွေးဖိတ်စာ
သွား​ပေးတဲ့​လေ။

မသွားချင်လို့​တောင်တခြားအိမ်​တွေ​ပေးပြီးတမင်ထားခဲ့တာကို
အခု​တော့​နောက်တစ်​ခေါက်ပြန်သွားခိုင်း​နေတယ်
မာမီနဲ့​တော့ခက်​နေပါပြီ။

"မသွားလို့မရဘူး​နော်လွှာ...သားခ​လေးမဟုတ်​တော့ဘူး
ဂျစ်တိုက်မ​နေနဲ့"

"သူတို့အိမ်မှာလူမှမ​တွေတာမာမီရဲ့
တစ်အိမ်လုံးအရိပ်အ​ယောင်​တောင်မမြင်ရတာကိုဘယ်သူ့သွား​ပေးရမှာတုန်းလို့်"

"လူမရှိလို့ဆိုပြီးဒီတိုင်းပြန်လာခဲ့တာမလား...လူ​လေးဘာ​လေးမ​ခေါ်ကြည့်ဘဲ"

"အာ့ဆိုညကျမီအားမှသွား​ပေးလိုက်ပါလား​နော်"

"မရဘူး..လွှာ
အခု​တောင်​ည​နေခြာက်နာရီထိုး​နေပြီ
ညဆိုမိုးချုပ်သွားမှာ"

"မာမီစိတ်မဆိုးချင်ဘူး​နော်လွှာ....မာမီစကား​တောင်မင်းနားမ​ထောင်​တော့ဘူးလား"

"ပြီး​ရော...လွှာသွားမယ်"

"​အိမ်ရှင်​တွေလက်ထဲ​ရောက်​အောင်ထည့်ခဲ့အုန်း​နော်ဖိတ်စာကို
လမ်းမှာလွှင့်မပစ်ခဲ့နဲ့လွှာ"

ခြေ​ထောင့်နှစ်ဖက်စလုံးကို​စောင့်ကာ
ငဂျစ်​လေးလိုလုပ်ပြီးထွက်သွား​သောသားဖြစ်သူကို
ဒေါ်မြခက်လွှာကြည့်ပြီးလှမ်း​အော်ရ​သေးသည်။

မိဘစိတ်ဆင်းရဲမှာကိုဒီက​လေး​ကြောက်​ပေမယ့်
နောက်ကွယ်ကျမထင်သလိုဂျစ်တိုက်တတ်တာ။

အခုလဲဖိတ်စာကိုသွား​ပေးဖို့မနဲ​ပြော​နေရတာ​တော်ကြာမဖိတ်ပဲလမ်းမှာလွှစ်ပစ်ခဲ့မှာစိတ်ပူသဖြင့်သတိ​ပေးလိုက်ရခြင်းပင်။

တခြားအိမ်​တွေအကုန်
ဖိတ်ခဲ့ပြီးဟိုဘက်ခြံကျလူမရှိလို့တဲ့​။
ခါတိုင်ဒီက​လေးဒီလိုမဟုတ်မန္တ​လေးမှာဆိုလူမ​တွေ့မချင်းအတင်းဘဲလ်တီး..​ခေါင်း​လောင်းတီးပြီး​သောင်းကျန်းတတ်တဲ့သူက
အခု​တော့မသွားချင်ဘူးအတင်းငြင်းတာထူး​တော့ထူးဆန်းသား။


Darling only order are obeyed(မောင့်အမိန့်သည်သာနာခံရာ)Where stories live. Discover now