*ဟူးးတော်သေးတယ်ငါထင်သလိုမဟုတ်လို့*
အားးးဆိုသည့်အသံကတော့သာဗျောတစ်ယောက်မြတ်မင်းပိုင်ဆံပင်ကိုဆောင့်ဆွဲနေတာဖြစ်သည်။
*အနာကစပ်လို့စွဲမိစွဲရာစွဲလိုက်တာနဲ့တူပါတယ်*
သူကြီးတစ်ယောက်အတွေးဖြတ်ပြီးစကားဆိုလိုက်သည်။
"အောက်မှာထမင်းဝိုင်းအဆင့်သင့်ဖြစ်နေပြီ..ဆေးလိမ်းပြီးရင်ဆင်းလာခဲ့"
"ဟုတ်ကဲ့ပါဦးလေး"
သူကြီးလည်းပြောပြီးပြန်လှည့်မယ်အကြံ......
"သြော်....နောက်တခါဆိုရင်အခန်းကိုသော့ခတ်ထားပါဒါမှအသံလုံမှာ"
ဆိုပြီးလေပူတစ်ချက်မှုတ်ထုတ်ကာအောက်ဆင်းသွားတော့သည်။အခန်းထဲမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမျက်လုံးပြူးကာဘာမှနားမလည်ဘဲသူတို့နှစ်ယောက်ကျန်ခဲ့တော့သည်။
ထမင်းစားဝိုင်းတွင်...
"ဝိုးးးးဟင်းတွေကအစုံပဲ
ကြက်အသည်းအမြစ်လေးရယ်....မယ်ဇလီဟင်းချိုရယ်...ငါးသလောက်ပေါင်းရယ်..ကန်စွန်းရွက်ကြော်ရယ်..တို့စရာကလည်းအစုံပဲခြံထွက်မို့လို့လားမသိလက်ဆက်နေရော...ငပိရည်ကလဲစပရှယ်ပဲဗျို့"မိအေးတို့ပေးခဲ့သည့်ဟင်းကတော့ကြက်သားနှင့်ဘူးသီးကာလသားချက်လေးဖြစ်သည်။
သူကြီးတစ်ယောက်သာဗျောသို့စကားဆိုလိုက်သည်။
"သားထည့်စားလေ...ဘာလို့လဲဟင်းတွေမကြိုက်လို့လား"
အမှန်တကယ်တော့သာဗျောဟာမိအေးတို့ဟင်းကိုအားရပါးရစားနေသောမြတ်မင်းပိုင်ကြောင့်ပင်။
*တကယ့်ကိုအလိုက်ကမ်းဆိုးမသိတဲ့ဟာကြီးးအဲ့ဟင်းတော်တော်ကြိုက်နေတယ်ဟုတ်လားတွေ့မယ်။*
ထိုဟင်းကိုသာဗျောယူကာမီးဖိုးချောင်ထဲသို့သွားထားလိုက်သည်။စားနေသောမြတ်မင်းပိုင်ခင်ဗျာဆန့်ငင်ဆန့်ငင်နှင့်ပင်။
မြတ်မင်းပိုင်သိလိုက်ရပြီသာဗျောသဝန်တိုနေပြီဆိုတာကိုလေ။သာဗျောထမင်းဝိုင်းသို့ပြန်လာသည်။
"ဟိတ်ကောင်.......ဘာလို့သူများစားနေတာကိုယူသွားတာလဲ"
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...
အပိုင်း(၆)Zawgyi
Start from the beginning