ကလေးနှစ်ယောက်ကိုရိပေါ်ကခေါင်းငြိမ့်ပြပြီး ရှောင်းကျန့်ကိုပြန်ကြည့်ကာ ဖက်ထားလိုက်ပြီး

"ကိုယ်သွားတော့မယ် ဂရုစိုက်ဦးနော်"

"အင်းပါ"

‌ရိပေါ်ကရှောင်းကျန့်နဖူးကိုနမ်းပြီး သူ့ရဲ့ဖုန်တက်နေတဲ့ကားကို မှန်တွေကိုဖုန်သုတ်လိုက်ပြီး ကားပေါ်တက်သွားတော့ ရှောင်းကျန့်က တာ့တာပြနေသည်။ ရိပေါ်လဲလက်ပြပြီး ကားလေးကထွက်သွားသည်။

🍓🚬🍓🚬🍓🚬🍓🚬🍓🚬🍓🚬🍓🚬

၅လကြာပြီးနောက်>>>

မြို့လေးကအရင်နဲ့မတူတော့ လျှပ်စစ်မီးလဲရနေပြီ။ အခုဆို အရင်လိုအိမ်တိုင်းကမီးအိမ်အလင်းရောင်လေးပဲမဟုတ်တော့ပဲ လျှပ်စစ်မီးရောင်ထိန်ထိန်လင်းနေပြီ။ မြို့ထဲဝင်မယ့်လမ်းကလဲအရင်လိုမကျဉ်းတော့ ကားတစ်စီးတော့အသာလေးဝင်လို့ရနေပြီ။ ရှောင်းကျန့်ကအရင်လိုကျောင်းဆရာပါပဲ။ ရှောင်းကျန့်လည်ပင်းမှာပုံမှန်ဆွဲနေကြဆွဲကြိုးလေးလဲရှိသလို အခုဆို တစ်ခုပိုလာပြီ။ သူ့ရဲ့ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်လေးအမြဲဝတ်ထားနေပြီ။ ရိပေါ်ကတော့ ရွာရဲ့အကျိုးတော်ဆောင်လုပ်နေတယ်။ တစ်ရွာလုံးမှာ ရိပေါ်ဆီမှာပဲကားရှိတာမို့ မြို့တက်စရာရှိလဲ ရိပေါ်ကိုပဲအကူအညီလာတောင်းကြတယ်။ ရွာကထွက်တဲ့ အသီးအနှံ့တွေမြို့တက်ရောင်းမယ်ဆိုလဲ ရိပေါ်ကပဲကူညီရတယ်။ ရိပေါ်လဲလုပ်စရာမရ‌ှိတာမို့ အဲဒါလုပ်တာနဲ့ပဲ အပျင်းပြေနေပြီ။ မနက်ဆိုသူ့ရှောင်းကို ကျောင်းလိုက်ပို့ပြီး ညနေဆိုသွားပြန်ကြိုသည်။ ရှောင်းကျန့်ရဲ့စတော်ဘယ်ရီပင်လေးတွေကိုပုံမှန်ရေလောင်းပေးရသေးတယ်။ ဒီအလုပ်လေ‌းတွေကိုပဲ ရိပေါ်မှာသဘောအရမ်းကျ၊ ဆေးလိပ်တောင်သိပ်မသောက်ဖြစ်တော့ တခါတလေမှသာသောက်ဖြစ်သည်။

"လောင်ဝမ်!"

ရိပေါ် ခြံရှေ့မှာကလေးတွေဘောလုံးကန်နေတာမို့ သူပါဝင်ကန်နေတာ။ ဆော့နေတုန်းမှာပဲ အိမ်ထဲကရှောင်းကျန့်ရဲ့ခေါ်သံကြားတော့

"လာပြီ ကိုယ့်ရှောင်း!
မင်းတို့ဆရာခေါ်နေပြီ သွားတော့မယ် ဟေ့ကောင်တွေည‌စာစားချိန်တော့အိမ်ပြန်စားကြဦး အိမ်မပြန်ချင်လဲ အိမ်ထဲဝင်လာခဲ့"

𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑖𝑒𝑠 𝐴𝑛𝑑 𝐶𝑖𝑔𝑎𝑟𝑒𝑡𝑡𝑒𝑠Where stories live. Discover now