Unicode
ရိပေါ်ဒီရောက်နေတာ နှစ်ရက်ရှိပြီ။ ရွာကလူတေွ ရွာသူကြီးနဲ့လဲ ရှောင်းကျန့်ကမိတ်ဆက်ပေးထားတာမို့ ရိပေါ်နဲ့နည်းနည်းတောင်သိနေကြပြီ။ ရိပေါ်ကကတိပေးထားပါသေးတယ် ဒီမြို့လေးကိုလျှပ်စစ်မီးရအောင်လုပ်ပေးမယ်လို့ပေါ့။ ရိပေါ်ကကတိပေးထားပေမယ့် အဲဒါကအစိုးရနဲ့လဲဆိုင်တာမို့ ရိပေါ်အဖေရဲ့နာမည်ယူသုံးပြီး အဲကိစ္စကိုစီမှန်ရတော့မှာပေါ့။ ရိပေါ်အဖေက ဝန်ကြီးတွေနဲ့သိတာမို့ ရိပေါ်သူတို့ကိုအကူအညီတောင်းရမှာပဲ။
ရိပေါ်လဲဒီမြို့လေးမှာလာနေဖို့ စဉ်းစားထားသည်။ ရှောင်းကျန့်နဲ့လဲမခွဲနိုင်တော့ဘူး ရှောင်းကျန့်ကလဲမြို့ပေါ်ပြန်လာနေဖို့အစီအစဉ်မရှိတော့တာသိတာမို့ ရိပေါ်သူ့ေနာက်လိုက်ခဲ့ဖို့မပြောချင်ဘူး ဆိုတော့သူလာနေရုံပေါ့။ သူ့ရဲ့ကုမ္ပဏီတွေကိုတော့ သူ့လူယုံတွေနဲ့ပဲအပ်ထားရတော့မှာပဲ။ အရေးကြီးကိစ္စရှိမှာ မြို့တက်ပြီး ကုမ္ပဏီသွားရုံပဲ။ ဒီလိုလုပ်ဖို့ပဲ ရိပေါ်စဉ်းစားထားတယ်။
ခုတော့ ရိပေါ်မြို့ပေါ်ခနသွားရဦးမယ်။ သူ့ကုမ္ပဏီကိုအပ်ခဲ့မယ့်ကိစ္စတွေသွားလုပ်ရဦးမယ်။ မြို့ပေါ်တက်ရင်း ကလေးတွေအတွက် လိုအပ်တဲ့စာအုပ်လေးတွေဝယ်လာပေးမယ်။ အခုသွားရမှာ တစ်လလောက်တော့အနည်းဆုံးကြာမှာပဲ၊ လျှပ်စစ်မီးကိစ္စပါတစ်ခါထဲလုပ်ခဲ့မှာမို့လေ။
ရှောင်းကျန့်က ရိပေါ်ကိုမြို့ပြင်ထိလိုက်ပို့သည်။
"လိုက်မပို့လဲရတာကိုကွာ ပြန်တော့ဘယ်လိုလုပ်မှာလဲ"
"ဒီမှာအဖော်ပါတာပဲကို"
သူတို့နဲ့အတူတူ ကျောင်းသားလေးနှစ်ယောက်ကလိုက်လာတာမို့ ရှောင်းကျန့်ကကလေးနှစ်ယောက်ကိုလက်ညှိုးထိုးပြသည်။ ရိပေါ်ကကလေးနှစ်ယောက်ကိုလှည့်ကြည့်ပြီး
"မင်းတို့ဆရာကိုဂရုစိုက်ပြီးပြန်ခေါ်သွားနော်"
"ဟုတ်ကဲ့ပါဗျ ကျွန်တော်တို့ကိုယုံလိုက်ပါ"
"ဟုတ်ပြီ ပြန်လာရင်မုန့်ဝယ်ခဲ့မယ်"
"များများဝယ်ခဲ့နော် ဦးလေးကြီး"
YOU ARE READING
𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑖𝑒𝑠 𝐴𝑛𝑑 𝐶𝑖𝑔𝑎𝑟𝑒𝑡𝑡𝑒𝑠
Fanfictionstrawberries and cigarettes always taste like you... 🍓🚬 Start-1.1.2022 End-15.1.2022
