Part-2

1.2K 110 2
                                    


luhan……သူ့ရဲ့တစ်နေ့တာကို သူငယ်ချင်းမလေးxiuအတွက် လှူဒါန်းပေးခဲ့တာ ညနေစောင်းမှ အိမ်ပြန်ရောက်တော့သည်

တစ်ကိုယ်ရေ တစ်ကာယမို့ နောက်ကျလည်းး ကိစ္စထွေထူးမရှိ

သို့သော်လည်း……မနက်ဖန်အပ်စရာ 'ကား' များ လက်စသတ်ရန်ကျန်သေးသည်မို့ ဒီညတော့ အိပ်ရတော့မည်မဟုတ်

luhanဆိုတဲ့ ပန်းချီစရာလေးက မိဘမဲ့ တစ်ကောင်ကြွက်ပါ

ငယ်ငယ်လေးထဲက မိဘမဲ့ကျောင်းမှာကြီးပြင်းခဲ့ပီးး အလယ်တန်းနှစ်လောက်ရောက်မှ xiuအဒေါ် အပျိုကြီးက မွေးစားခဲ့ခြင်းပါ

xiuတို့က တစ်ဆွေတစ်မျိုးလုံး ဂုဏ်သရေရှိ လူချမ်းသာများသာ

luhanအတွက် ကံကောင်းသလို ကံလည်းဆိုးခဲ့လေရှာသည်

luhan……အထက်တန်းကျောင်းသားဘဝမှာပဲ မွေးစားအမေဆုံးပါးခဲ့သည်

xiuတို့ ဆွေမျိုးတွေက အဒေါ်ကြီးကျန်ခဲ့တဲ့ အမွေများကို မွေးစားသားအား မပေးလို

luhanကိုလည်း ဘယ်တုန်းကမှအရာမသွင်းခဲ့

လူတန်းစား မခွဲခြားတတ်တဲ့ xiuမိဘတွေကတော့ luhanကို ကိုယ့်တူသားလို ဆက်ဆံကြပါသည်

အထူးသဖြင့် xiu……

တစ်ဦးတည်းသောသမီးမို့ တစ်စိတ်ရှိ luhanကိုပဲ ပူကျီပူကျီလုပ်တတ်၏

luhanဆိုကလည်း……မိဘမဲ့ တစ်ကောင်ကြွက်ပေမယ့်

မာနလေးတော့ရှိသည်~

အဲ့ဒီ မာနကြောင့်ပဲ အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ကျောင်းတွေဆက်တက်ခဲ့သည်

သူ ဝါသနာပါရာ အနုပညာကျောင်းကနေ ပန်းချီအထူးပြုနဲ့ အောင်မြင်ခဲ့ပီးး ပန်းချီဆရာ ပေါက်စလေးတောင်ဖြစ်နေပါပီ

xiuမိဘတွေရဲ့ အကူအညီတွေကို အလိမ္မာနည်းနဲ့ ငြင်းပယ်ပီးး ကိုယ်ပိုင်ဝင်ငွေနဲ့ အိမ်လေးတစ်လုံး ပိုင်ဆိုင်ခဲ့ပါသည်

luhanအတွက်……သီးသန့် ဘုံဗိမာန်လေးပေါ့~

luhan ခြံတံခါးလေးဆွဲဖွင့်လိုက်တော့ ခြေဦးထိပ်ကို ပြုတ်ကျလာတဲ့ ပန်းရောင်စာအိတ်လေး……

KING OR QUEENWhere stories live. Discover now