အပိုင်း(၄)Uni

Bắt đầu từ đầu
                                    

အိမ်နောက်ဖေးရေချိုးသည့်နေရာသို့သာဗျောတစ်ယောက်ရေချိုးဖို့ထွက်လာခဲ့သည်။ပုဆိုးတစ်ထည်ကိုယ်တစ်ခုနဲ့ဖြစ်၏။.
ရေကန်ထဲရှိရေတွေသည်လည်းအေးစက်နေပြီးသာဗျော၏အပေါ်ပိုင်းသို့လေစိမ်းတွေဟာလည်းလာရိုက်ခတ်သေးသည်။သာဗျောတစ်ယောက်ရေကိုလောင်းရမှာလည်းကြောက်နေသည်။ထိုအချိန်သာ​ဗျောအားအနောက်ကနေတစ်ယောက်ယောက်ကလှမ်းကြည့်နေသလိုခံစားရသည့်အတွက်သာဗျောလည်းအနောက်သို့လှည့်ကာကြည့်လိုက်သည်။ထိုအချိန်တွင်ပုဆိုးတစ်ထည်သာရှိသောဦးမြတ်မင်းပိုင်ကိုတွေ့လိုက်ရသည်။

မြတ်မင်းပို​င်၏ရင်အုပ်ကျယ်ကျယ်နှင့်လက်မောင်းမှဗလမှာလည်းအသားကိုဖောက်ထွက်မည့်အလား။လည်စိကလည်းထင်ရှားနေပြီးဝမ်းဗိုက်မှာလည်းsix pack6 ခုကအစီအရီဖြင့်ကြည့်ကောင်းနေသည်။
သာဗျောတစ်ယောက်လည်းကြည့်ကောင်းကောင်းနှင့်ငေးနေပြီးအောက်ရှိကြမ်းပြင်နှင့်ချော်ကာလဲကျတော့မယ့်အခိုက်..။.တကယ်ကျပြီမှတ်နေတာခါးကိုတွယ်ဖက်လာသောပူပူနွေးနွေးလက်တစ်စုံ။မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့....

*ညကကျုပ်ကိုသင်္ချိူင်းဂုံးမှာတယောက်ထဲပစ်ထားတဲ့လူကြီး...မနေ့ညကိစ္စကိုလုံးဝမကျေနပ်ဘူးးးဟွန့်*

သာဗျောတစ်​ယောက်သူ့ခါးစီမှမြတ်မင်းပိုင်၏လက်ကိုဖယ်ချပြီးမျက်စောင်းထိုးကာရေဆက်ချိုးနေလိုက်သည်။

*ကျစ်...ဘယ်လိုတောင်လားချစ်ဖို့ကောင်းချက်ကျွန်တော်ရေချိုးဖို့လာတော့ငယ့်ကိုရေကန်မှာတွေ့တယ်ငယ်ရဲ့ရေချိုးရမှာကြောက်နေပုံလေးကအရမ်းချစ်ဖို့ကောင်းတယ်။.ဖွေးအုနေတဲ့ဂုတ်လေးတွေငယ့်ရဲ့ကျောပြင်ကိုထိတောင်မထိရက်နိုင်တဲ့အဖြစ်။အသားကလည်းနုဖတ်နေတာပဲအနောက်ကနေသာပြေးပွေ့ပြီးအိပ်ရာပေါ်သာခေါ်သွားချင်တော့တယ်။.ဟင်းဟင်း....စိတ်ထိန်းမြတ်မင်း..စိတ်ထိန်း
ငမ်းနေတုန်းအရှေ့ကငယ်ကလှည့်ကြည့်လာတယ်ရှက်သွားလို့နဲ့တူပါတယ်။.ချော်လဲတော့မလို့...တော်ပါသေးတယ်ကျွန်တော်အမြန်ထိန်းနိုင်လို့မဟုတ်ရင်..ဘာဖြစ်မလဲမတွေးတတ်။.မနေ့ညကကိစ္စကိုစိတ်ဆိုးနေတာထင်တယ်။.စကားတောင်မပြောဘူးး*

"ဟိတ်စိတ်ဆိုးနေတာလား...."

"........."

"ကိုယ်တောင်းပန်ပါတယ်နော် ကိုယ်အသိလွတ်သွားတာပါ...ငယ်ကိုကိုယ်ပြန်လာခေါ်တယ်လေ"

"ကျုပ်ကိုငယ်လို့မခေါ်နဲ့လို့ပြောထားတယ်လေ"

ဆိုကာအော်ပြောပြီးလက်ထဲကရေခွက်နှင့်မြတ်မင်းပိုင်ခေါင်းသို့ခေါက်လိုက်သည်။

"ဒိန်......."

​ရေခွက်သည်ကော်ခွက်ဆိုတော်သေးအခုဟာဒန်ခွက်ဆိုတော့....

"အားးရိုးရိုးးးမနာဘူးလုံးဝမနာဘူး"

"မနာဘူးဟုတ်လား...လက်သီးနဲ့ထိုးပေးရမလား"

ဆိုကာမျက်စောင်းထိုးပြီးပြောနေတော့သည်။

"ရတယ်ဗျာ..ငယ်စိတ်ကြိုက်လုပ်..ကိုယ်ကSuperman မဟုတ်ရင်တောင်ငယ့်ရဲ့Yourmanပဲ...ငယ့်ဆိုးသမျှခံပြီးငယ်ကိုကာကွယ်ပေးမှာဗျာ"

*ဒီလူကြီးငါ့ကိုကြိုက်နေတာလား။မဟုတ်သေးပါဘူးboy to boyဖြစ်ပါ့မလားးး*

သာဗျောတစ်ယောက်စဥ်းစားခန်းဝင်ချိန်မှာပဲ....

"မွစ်"

သာဗျောပါးသို့အနမ်းတစ်ပွင့်ကျရောက်လို့လာသည်။သူ့ပါးသို့မြတ်မင်းပိုင်လာနမ်းသောကြောင့်ရင်ထဲတဒုန်းဒုန်းခုန်ကာပြန်ပြောစရာစကားပင်မရှိတော့ပေ။

"ဘာ...ဘာလို့နမ်းတာလဲဗျ"

"စိတ်ဆိုးပြေတော့လေနော်"

"ခင်ဗျားကြီးဗျာ....."

သာဗျောတစ်ယောက်ရှက်ကိုးရှက်ကန်းနဲ့ပြေးသွားပြီး​ခြေထောက်၏ရေဆိုနေမှုကြောင့်
အောက်ကရွှံ့တွေနှင့်ချော်ကာလဲကြတော့သည်။

"ဝှီးးးးးးဘိုင်းးးး"

ဒါကိုမြတ်မင်းပိုင်တစ်ယောက်သွားမထူဘဲနောက်ကွယ်ကကြိတ်ရယ်နေတော့သည်။သာဗျောလည်းရှက်ရှက်နှင့်အိမ်ပေါ်သို့သာပြေးတက်ခဲ့တော့၏။

ခင်ဗျားကြီး...ဗျာ💕(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ