အပိုင်း(၄)Uni

Start from the beginning
                                    

"ခင်ဗျားကြီးဗျာ......ဗြဲ....ကျုပ်ကိုဟင့်ထားခဲ့တယ်.. အူးဝါး"

မြတ်မင်းပိုင်တစ်ယောက်ပြေးရင်းနှင့်လမ်းတစ်ဝက်ရောက်ခိုက်...

*.ဟာ..သွားပြီငယ်ပါမလားဘူး...ကျစ်..ပြန်မသွားချင်ပါဘူးဆို...ပါရမီဖြည့်ဖက်လေးကျန်ခဲ့တာကြောင့်မသွားလို့လဲမရ...*
.သင်္ချ်ိုင်းပြန်သွားကြည့်လိုက်တော့ငယ်တစ်ယောက်ကွေးကွေးလေးထိုင်ပြီးငိုနေပါရောဗျာ။ကျွန်တော်လဲငယ့်အနားအမြန်သွားပွေ့ပြီးအိမ်သို့တုံ့ဆိုင်းမနေဘဲပြေးခဲ့တော့တယ်ဗျို့။

အိမ်ရောက်တော့...ရင်ခွင်ထဲကငယ်ကကြောက်လို့နဲ့တူပါတယ်ကျွန်တော့်ခါးကိုဖက်ထားတာမှကျစ်နေတာပဲ။ဖြစ်နိုင်ရင်ဒီလိုပုံစံသာတစ်သက်လုံးနေလိုက်ချင်တော့တာ။ငယ့်ကိုတစ်သက်လုံးချီထားလို့​ပြောရင်လည်းဝန်မလေးဘူးဗျ။.သူကြီးကိုပြန်ရောက်ကြောင်းနှုတ်ဆက်မလို့ပဲဘုရားရှိခိုးနေတာဆိုတော့ထားလိုက်ပါတော့လေ။ငယ့်အခန်းဆီကိုပဲလျှောက်လာလိုက်တော့တယ်။.တံခါးကိုဖွင့်ပြီးငယ့်ကိုခေါ်လိုက်တော့ငယ်ကရင်ခွင်ထဲမှာအိပ်ပျော်နေရောဗျာ။ဘယ်လောက်ချစ်ဖို့ကောင်းလဲဘဲမရှိတဲ့သူတွေကဒါတွေမသိဘူးပေါ့။

မြတ်မင်းပိုင်လည်းကုတင်ပေါ်သို့ဖြေးညှင်းစွာချပေးပြီးနှာဖူးပေါ်ကျနေသည့်ဆံပင်ကိုတစ်ချက်သက်ကာအနမ်းတစ်ပွင့်​ခြွေလိုက်တော့သည်။

"အိမ်မက်လှလှမက်ပါစေ ကိုယ့်ရဲ့ကလေးငယ်.."

ထိုသို့ပြောပြီးသူပါရေမိုးချိုးကာဘေးသို့ဝင်အိပ်တော့သည်။

နောက်နေ့မနက်သာဗျောရဲ့မျက်လုံးသို့နေရောင်၏အလင်းတန်းဟာတိုက်ရိုက်ဝင်လာခဲ့သည်။စူးရှသောအလင်းတန်းကြောင့်သာဗျောတစ်ယောက်နိုးလာခဲ့၏။သာဗျောသည်မျက်လုံးပင်တန်းမဖွင့််​သေးဘဲဘေးကိုစမ်းကြည့်လိုက်သည်။စမ်းကြည့်တော့လည်းဘယ်သူမှမရှိဘဲအိပ်ယာကနွေးနေတာ​ကြောင့်အခုမှထသွားပုံပေါ်သည်။

အချိန်ကဖြင့်၈နာရီလောက်ရှိနေပြီအရင်ကဆိုစောစောထနေကြအခုမှဘာလို့နောက်ကျမှန်းမသိ။

*ဆောင်းရာသီမို့လို့ချမ်းတာမှလွန်ရော Christmas လည်းရောက်တော့မယ်။အဲ့နေ့ဟာကျုပ်တ်ို့လ်ိုဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမကျင်းပဘူးဆိုပေမဲ့ကျုပ်စိတ်ထဲမှာတော့Christmasကိုသဘောကျတယ်ဗျာ။Santa ကိုလဲတွေ့ချင်တယ်။အဲကလေးဆန်သွားလားတော့မသိဘူး။ကျုပ်ကအဲ့လိုပဲအရမ်းစိတ်ကူးယဥ်တာဗျ။ကျုပ်မှာအကျင့်တစ်ခုရှိတယ်ကျုပ်ကမနက်မိုးလင်းပြီဆိုတာနဲ့ရေချိုးတဲ့အကျင့်ဘယ်လောက်အေးအေးရေချိုးရမှကျေနပ်တာ.....*

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now