A Thousand Yellow Daisies

Comenzar desde el principio
                                    

" ကျေးဇူး...ဘယ်လောက်ကျလဲမသိဘူး "

ဧည့်သည်လူငယ်လေးက သူ့စိတ်ခံစားချက်‌တွေကို တတ်နိုင်သလောက် ထိန်းချုပ်ထားရင်း လုပ်စရာရှိတာတွေကို ပြီးအောင်လုပ်နေသည်။ ဒါပေမဲ့ အခုထိတော့ သူ့မျက်၀န်းတစ်ဝိုက်မှာ မျက်ရည်စတွေ ရစ်ဝဲနေစဲပင်။

" စိတ်မရှိပါနဲ့ ခဏလေးစောင့်ပေးလို့ရမလား..ပန်းစည်းမှာ တစ်ခုလိုအပ်သွားလို့ပါ "

" ကိစ္စမရှိပါဘူး ဒီအတိုင်းပဲ..."

" ခဏ..ခဏဆိုရပါပြီ...ဧည့်သည်ရဲ့ကားပေါ်မှာ ‌ထိုင်စောင့်ပေးရင် ကျနော်လာပို့ပေးပါ့မယ် "

ဧည့်သည်လူငယ်လေးက ပန်းဆိုင်ပိုင်ရှင်လေးရဲ့စကားကို ခေါင်းငြိမ့်ပြပြီး ဆိုင်ရှေ့မှာ ရပ်ထားတဲ့ သူ့ကား‌ပေါ်မှာ ငြိမ်သက်စွာ သွားထိုင်စောင့်နေလိုက်သည်။ လက်ထဲမှာတော့ လက်ကိုင်ပဝါစလေးကို ဆုပ်ကိုင်ထားလျက်‌ပေါ့။

" ရပါပြီ...ကောင်းကောင်းသွားပါခင်ဗျ "

ကားရဲ့နောက်‌ခန်းတံခါးပိတ်သံနဲ့ ပန်းဆိုင်ပိုင်ရှင်လေးရဲ့ နှုတ်ဆက်စကားသံတို့က တပြိုင်တည်းထွက်ပေါ်လာသည်။

လူငယ်လေးက ပန်းရနံ့သင်းသွားတဲ့ ကားထဲကလေထုကို တစ်၀ကြီးရှူရှိုက်လိုက်ပြီးနောက် သက်ပြင်းရှည်တစ်ခုကို ဖြည်းညင်းစွာချလိုက်သည်။ ပြီးနောက် ကားလေးက ပန်းဆိုင်နဲ့ဝေးရာ ဆန့်ကျင်ဘက်အရပ်ဆီသို့ တစ်လှိမ့်ချင်းထွက်ခွါသွားပါတော့သည်။

🌼🌼🌼🌼🌼

" ကလင် ကလင် ကလင် "

" ဒီနေ့စောတာလား ကင်မ် "

" ဟုတ်တယ် ဒေါ်လေးရေ "

ဈေးဆိုင်မှ အဒေါ်ကြီးတစ်ယောက်ကို စက်ဘီးပေါ်မှ လူငယ်လေးက လှမ်းပြီးနှုတ်ဆက်စကားဆိုလိုက်သည်။ ကုန်းဆင်းမို့ လူငယ်လေးရဲ့စက်ဘီးက သိပ်နင်းစရာမလိုဘဲ အရှိန်ရနေသည်။ အသား‌ရောင်ဆွယ်တာအင်္ကျီအပေါ်မှာ ထပ်၀တ်ထားတဲ့ လူငယ်လေးရဲ့အဖြူ‌ရောင် duty coat လေးကတော့ စက်ဘီးနောက်ခုံပေါ်မှာ တလွင့်လွင့်ဖြစ်လို့‌နေသည်။

" မင်္ဂလာနံနက်ခင်းပါ ကင်မ်ရေ "

" မင်္ဂလာပါနံနက်ခင်းပါဗျ "

A Thousand Yellow DaisiesDonde viven las historias. Descúbrelo ahora