Chapter - 10 (Part 1)

Start from the beginning
                                    

သူက ငါ့ကို လှည့်ကြည့်ပြီး ​အော်တယ်, "ပြန်သွား! ​လောင်ဇီက သော့ယူဖို့ ထွက်လာတာ”

ငါက ပြန်​ဖြေလိုက်တယ်, "မင်းပြန်ရင် ငါလည်းပြန်မယ်"

အခု ဒါက ရှက်စရာ​ကောင်းမှန်းကို သူသိတော့ လှည့်ပတ်ကြည့်ကာ သော့ကို ကောက်ကိုင်လိုက်ပြီး ဖျက်ခနဲ ပြန်လာခဲ့တယ်။

"အဲ့ဒီကနေ ဆင်းခဲ့!"

ငါ ပြတင်းပေါက်ကနေ ဆင်းလာပြီး ​ပြောလိုက်တယ်, "မနေ့ညက ငါ မူးနေတာ"

​ကျောင်းကုန်းဇီက ဆိုဖာပေါ်မှာ ထိုင်ပြီး အေးစက်စွာ ရယ်မောရင်း ​ပြောတယ်, "အရက်က နှုတ်ခမ်းကို ​ဖြည်​စေတယ်​​လေ" (အရက်မူးရင် စကားအမှန်​တွေ ထွက်လာတာကို ဆိုလိုတာ)

အဲ့ဒါကြောင့် ငါ သူနဲ့ ကပွဲတွေ သွားရတာကို သ​ဘောမကျတာ။ ငါ အရက်မူးပြီး​တော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ သူ့ကို လုပ်ချင်လာမှာကို ​ကြောက်တယ်။ အဲဒီ့တုန်းက ငါ အသက် 18 နှစ်မှာလည်း အရက်​တွေ အရမ်းသောက်မိခဲ့တယ်။

"တောင်းပန်ပါတယ်, ထပ်မဖြစ်တော့ပါဘူး"

"ငါက ဖေဖေနဲ့ စကားသွားပြောပြီး​တော့ ငါ မင်းကို အရမ်းသ​ဘောကျသလိုပဲ မင်းကို ရ​အောင်ယူမလို့, ​လောင်ဇီက ​လောင်ဇီလိုချင်တာမှန်သမျှ ရနိူင်တယ်, ​မင်းကို ဒီမှာပဲ အမြဲနာကျင်​အောင်လို့ ​လောင်ဇီ ထပ်လုပ်ရမလား? ဒါမှမဟုတ် အဲ့မှာပဲ နာကျင်​အောင် ​လောင်ဇီ ထားရမလား?"

"ငါ အရှင်လတ်လတ် သင်္ဂြိုဟ်ခံရလိမ့်မယ်"

သူက ငါ့ကို အေးစက်စွာကြည့်တယ်, "ငါ့မိသားစုအားလုံးက လူတွေကို သူတို့ရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်နေတယ်လို့ မင်းထင်လား?"

"ငါ သခင်ကြီးကို တကယ် ကျေးဇူး အရမ်းတင်တယ်, အဲ့တာ အမှန်တရားပဲ"

သူက ထပြီး​တော့ တံခါးဆီ ​လျှောက်သွားတယ်။

ငါ သူ့ကို မြန်မြန်​လေး ပြန်ဆွဲထားလိုက်တယ်။ ဒါ​ပေမယ့် ငါ သူ့ကို လှုပ်ရှား​အောင် လုပ်လို့မရဘဲ အဲ့အစား ငါက တံခါးဆီကို ဆွဲ​ခေါ်ခံလိုက်ရတယ်။

ငါတို့​တွေ ပင်မဆောင်ကို ညအိပ်ဝတ်စုံ​တွေနဲ့ ​ရောက်လာခဲ့ကြတယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now