အပိုင်း(၁+၂)Uni

Start from the beginning
                                    

"ငါကွသာဗျောသရဲလုံးဝမကြောက်ဘူးသရဲကောင်ဆိုရင်ဖက်နမ်းမယ်အမဆ်ိုရင်တော့ပြေးမယ်ဟဲဟဲ"

တစ်ယောက်တည်းကြောက်စိတ်ဖြင့်ကယောင်ကတန်းတွေပြောပြီး လမ်းလျှောက်လာခဲ့ရာသင်္ချိုင်းမြေတောင်ကျော်တော့မည်ဖြစ်သည်။

"ဟီးးးးးဟင့်ဟင့်....ဟီးးး"

*တောက်စ်ငိုသံကဘယ်ကထွက်လာတာတုန်းသေလိုက်ပါတော့ဗျာ*

သာဗျောတစ်ယောက်ကြောက်စိတ်နှင့်ဖိနပ်နှစ်ဖက်ကိုကောက်ကိုင်ပြီးအနောက်သို့လှည့်မကြည့်ဘဲသူကြီးအိမ်ရှိရာသို့တန်းပြေးတော့သည်။

"ဟောဟဲ....သူကြီးကျုပ်...ကျုပ်ရောက်ပြီ...."

သာဗျောတစ်ယောက်တစ်ကိုယ်လုံးချွေးများရွှဲကာပုဆိုးစကိုလက်တစ်ဖက်ကလည်းကိုင်ထားသေးသည်။

"ဟေ့ကောင်မင်းဘယ်လိုဖြစ်လာတာလဲသူကြီးသားတဲ့မင်းပုံစံမင်းပြန်ကြည့်စမ်း"

ဟုတ်ပါသည်။သာဗျောကသူကြီးဦးသာမောင်၏တစ်ဦးတည်းသောသားပင်ဖြစ်သည်။ငယ်ငယ်ကတည်းကသူကြီး"ဟုနောက်ပြီးခေါ်ရာကနေ နှုတ်ကျိုးသွားသဖြင့်သူကြီးပဲခေါ်နေတော့သည်။

"သူကြီးကလည်းကျုပ်သရဲတွေ့လို့ပါ"

"တော်တော်..ငါမင်းကိုပြောစရာရှိတယ်...မနက်ဖြန်အိမ်ကိုဧည့်သည်လာလိမ့်မယ်...မင်းကိုနောက်နေ့တွေကစပြီးဒီလိုပုံစံလုံးဝမမြင်ချင်ဘူးကြားလား.."

"ဟာသူကြီးကလည်းဗျာ ကျုပ်ကလူအများကိုကူညီပေးချင်ရုံနဲ့လွတ်လွတ်လပ်လပ်နေချင်ရုံပဲကိုဗျာ..သူကြီးဖေဖေနဲ့တော့ခက်ပြီ...."

"တိတ်စမ်း...မင်းအမေမရှိ
တော့ကတည်းကငါမင်းကိုထိန်းလာတာပါငါ့စကားနားမထောင်ရင်ထိပ်တုံးနဲ့ညားမယ်"

"ဟီးးသူကြီးကလည်းထိပ်တုံးနဲ့တော့မညားချင်ဘူးBTSနဲ့ဆိုရင်မဆိုးဘူး"

ထိုသို့ပြောပြီးအိမ်ပေါ်ကိုပြေးတက်သွားတော့သည်။သူကြီးတို့အိမ်လေးက
၂ထပ်တို​က်ပေ၂၀လေး၊မိုးပြာရောင်ဆေးသုတ်ထားပြီးအပေါ်ထက်အိမ်ရှေ့မျက်နှာစာမှာသစ်သားဝရံတာလေးတစ်ခုရှိသည်။ခြံထဲမှာတော့ခရေပင်ကြီးအောက်တွင်ကွပ်ပျစ်တစ်ခု
ထားရှိသည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now