ဓား တစ်ချောင်း ကို အကျီ အိတ်ကပ် ထဲထည့် ကာ လမ်းထိပ်ကို ၀ရုန်းသုန်းကား ပြေး နေသည့် မိန်းကလေးတစ်ဦးရဲ့ မျက်နှာ၌ လည်း သွေးစ များက ပေကျန်နေသည်။ hoodies အဖြူဖြစ်၍ ထင်ပေါ်နေသော သွေးစက် များကလည်း အများအပြား။
*ကျွီ*
ကားဘရိတ်အုပ်လိုက်သည် နှင့် ပြေးလာတဲ့ မိန်းကလေးဟာ လဲကျသွားသည်။
လန့်ကာလဲကျသွားသဖြင့် ကားထဲကမည်သူမှမထွက်ခင် အလျင်အမြန်ထကာ ကားခေါင်းထဲသို့ အမြန်ဝင်လိုက်သည်။
တိုက်မိပြီ ထင်၍ မောင်းသူနေရာမှ ထွက်လာမည် လုပ်နေသည့် မိန်းမငယ် ကလည်း ပြေး၀င်လာသည့် ထို မိန်းကလေးအား တစ်ချက်ကြောင်ငှစွာ ဖြစ်သွားသော်လည်း ကားထဲသို့ ဘာမှမဖြစ်သလို ပြန်၀င်ထိုင်လိုက်တော့
"မောင်းတော့ မြန်မြန်"
Hoodies အကျီ အိတ်ထဲက ဓား ကို လည်ပင်း အားထောက်ပြီး လေသံမာမာ ဖြင့် ပြောလိုက်သည်။
ကားလေးဟာလည်း တရွေ့ရွေ့ မောင်းထွက်သွားခဲ့လေသည်။
"ငါ့ အိမ်လိုက်ခဲ့မလား"
ဟိုနေရာနဲ့ ခပ်လှမ်းလှမ်းရောက်တဲ့ အချိန်၌ ကားမောင်း ရာ မှာ ထိုင်နေသည့် မိန်းမငယ် က ထိုသို့ စကားစ လိုက်လေသည်။
"ငါအခုမှ လူသတ်လာတာနော်"
"ဒီလောက် သိသာနေတာကို"
ခပ်ထေ့ထေ့ပြောရင်း မီးပွိုင့်အနီကြောင့် ကားကို ရပ်ပစ်လိုက်ပြီး
"ငါ့ဆီလိုက်ခဲ့ ပြီးရင် ငါ့ကိုပါ သတ်ပေး"
လည်မှာ ထောက်ထားသည့် ဓားဟာ လည်ပင်းကို တစ်ဖက်လှည့်လိုက်တော့ အနည်းငယ် အသားအား ရှသွားပုံရသည်။
"သေချင်တာ ကိုယ့်ဖာသာသေပါ့လား"
"ကိုယ့်ဖာသာ မသေရဲလို့"
မီးပွိုင့် စိမ်းနေပြီဖြစ်သော်လည်း တစ်စီးတည်းသော ကားလေးဟာ မထွက်သေး ရပ်နေစဲပင်။ မိန်းကလေး နဲ့ မိန်းမငယ် တစ်ဦးရဲ့ မျက်၀န်း တွေကတော့ တစ်ယောက်နှင့်တစ်ယောက် အဖြေရှာနေလေသည်။
အချိန်အခိုက်အတန့် ထိ ပြီးခါမှ
ထောက်ထားတဲ့ ဓား ကို ပြန်သိမ်းပြီး
YOU ARE READING
Short...
RandomFirst Story - DAY(s) "အရူး" မိန်းမငယ် က ရီသည်။ သဘောတကျနှင့်ကိုပင်။ "အင်း ငါကအရူး နင်က Psychopath" "ငါ လူတစ်ယောက်ပဲ သတ်တာ" "အင်း ငါလည်း လူတစ်ယောက်ပဲလေ" ရေချိုးကန်ထဲ ကို ခြေချပြီး မိန်းမငယ် နှင့် မျက်နှာချင်း ဆိုင်၀င် ထိုင်လိုက်သည်။ "ငါတို့ အတူတူသေကြမ...
