" ဘယ်လောက်အကြီးကြီးလဲဟင် .... "

" အင်းးးး ..... "

ရိထင်းစဥ်းစားသလို အသံရှည်ဆွဲပြီး
အကဲခတ်တော့ ယုန်ပိစိလေးက
ရိထင်းမျက်နှာ မလွတ်တမ်းလိုက်ကြည့်ကာ
အလွန်စိတ်၀င်စားနေရှာသည်။

" အဲ့တာက ၀ူယွီလေးလိုချင်သလောက်
ကြီးလို့ရတယ် ... "

ရိထင်းစကားကြောင့် ယုန်ပိစိလေးက
မျက်လုံးလေး၀ိုင်းစက်သွားပြီး
အခန်းထဲကို ဝေ့၀ဲကြည့်သည်။

ပြီးနောက် ရိထင်းတစ်ကိုယ်စာလောက်ရှိသည့် နန်းတော်ရဲ့တိုင်လုံးကြီးကို လက်ညှိုးထိုးပြကာ

" အဲ့လောက်အကြီးကြီးရော ရလား ... "

မျက်လုံးလေးပြူးကာ ရိထင်းကို
မျှော်လင့်တကြီးကြည့်နေပုံက
ဆွဲဆတ်လုပ်ပစ်ချင်စရာ ........

" အဟမ်း ... အဲ့ .. အဲ့လောက်ကြီးကလေ ... "

" မရဘူးလား ဟင့် ... "

မျက်နှာလေးက လိုတာမရတော့
ငိုတော့မလို မဲ့ကျကာ မျက်ရည်တွေ
တွဲခိုလာသည်။

" ရတယ်လေ ... ရတာပေါ့ ..
ဒါပေမယ့် အဲ့လောက်အကြီးကြီးက
ဘာလုပ်မှာလဲ ၀ူယွီလေးရယ် ....
တစ်သက်လုံးစားသွားရမှာပဲကို ၀ူယွီလေး လက်မောင်းလောက်ဆို တော်ရောပေါ့ .... "

" ဟင့် ... မရဘူး ....
အဲ့လောက်ကြီးပဲ လိုချင်တာ ... "

" ကြီးတိုင်းကောင်းတာမှမဟုတ်တာ
ကလေးပေါက်ရ .....
ကြီးရင်နာတတ်တယ် ..... "

" ဟင့် !! "

မျက်နှာလေးမဲ့လာတော့ ရိထင်း
အကြံအိုက်ရလေပြီ။

" ဟုတ်ပြီ ... အဲ့တာဆို အဲ့လောက်ကြီးတဲ့
မုန်လာဥပေးမယ် ...
ကိုယ်နဲ့ကစားမှာလား !!! "

" ဟွန့် !!! "

" မကစားချင်လည်းနေနော် ....
ကိုယ်က အတင်းမပြောတော့ဘူး .....
တခြားယုန်လေးတွေကိုခေါ်ပြီး
မုန်လာဥအကြီးကြီးကျွေးလိုက်လို့ရတယ် ... "

ရိထင်းအတည်ပေါက်နဲ့ စနောက်ပြီး
မျက်နှာကို တစ်ဖက်လွှဲကာ
ထိုင်နေလိုက်သည်။

သ၀န်တိုလိုက်စမ်း ကိုယ့်ယုန်ပိစိလေးရေ ....

ရိထင်းဆိုတဲ့ သားရဲအရှင်က
မင်းသ၀န်တိုတာကို ခံချင်လွန်းလို့ !!!

ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)Where stories live. Discover now