အပိုင်း ၅

Start from the beginning
                                    

"ဘာဖြစ်သွားတာလဲ အစ်ကိုဇာမဏီဘာလုပ်လိုက်တာလဲ"

"စလိုက်တာပါဟာ ဘာမှမဟုတ်ဘူး ပစ္စည်းတွေသေခြာမှတ်သွားမယ်"

"အဲ့အစ်ကိုက ချစ်စရာလေးနော် ပေါက်စီလေးနဲ့တူတယ် ပိန်ပေမဲ့ မျက်နှာလေးကျတော့ လုံးလုံးလေးရယ် ဒါနဲ့အစ်ကိုဇာမဏီကနေ ကိုယ်ချက်ကြီး ဖြစ်သွားရတာတုန်း"

ညိုပြာ့စကားကိုမဖြေအား ပေါက်စီနဲ့တူတယ်ဆိုတဲ့ သိန်းဈာန်မျက်နှာကို အသေးစိတ် အကဲဖြတ်နေမိလေသည်။ နည်းနည်းတော့ ပေါက်စီနဲ့တူနေသလိုပဲ....။

"ငါကအိမ်မှာ ထမင်းချက်ဟင်းချက်ဟေ့ အဲ့တာကြောင့် ချစ်စနိုးနဲ့ ချက်ကြီးလို့ခေါ်ကြတာ"

"အဲ့လိုလား သိပါဝူးညိုပြာက အစ်ကိုဇာမဏီငယ်ငယ်က ချက်စူစူနဲ့အကြီးကြီးမို့ ချက်ကြီးလို့ခေါ်တာလားလို့ ဟီးဟီး "

"မဟုတ်ပါဘူးဟာ ရုံးမှာလည်းလျှောက်ပြော မနေနဲ့ဦး"

ညိုပြာက လျှာတစ်လစ်ထုပ်သော်ငြား မပြောဘူးဟု ဝန်မခံခြေ။ သိနေတယ် ဇာမဏီသိနေတယ် ဒီကောင်မလေးက အာကျယ်မလေးဆိုတာ သိနေတယ်လို့။ ချက်ကြီးကနေ စကားချဲ့လို့ ချက်စူကြီးလို့ ခေါ်ရင်ဒုက္ခရယ်.....။ တကယ်ခက်ပါလား........။








---

"ကဲကဲ ပထမဆုံး အတန်းကိုမိတ်လာဆက်တာပါ "

ပုဂ္ဂိုလ်ထူး တပြည့်ချို့ကို စကားနဲ့သာနှုတ်ဆက်လိုက်လေသည်။ ဒီနေ့ပထမနေ့မို့ စာစမသင်သေးခြေ။ ဒီတိုင်းအင်္ဂလိပ်စာအကြောင်း ပြောမည်ဟုပြင်ထားသော်ငြား အခန်းထဲက သိန်းဈာန်ညီကို တွေ့လို်က်ရသည်မို့ စာသင်ခြင်စိတ်က ပျောက်ထွက်သွားလေသည်။ ဘယ်လိုရေစက်လဲ မသိပါခြေ။

"ဆရာ့နာမည် "

"ပုဂ္ဂိုလ်ထူးပါ ကလေးတို့ဆရာ့အတန်းကို သေခြာတတ်ရမယ်နော် မဟုတ်ရင် အမှတ်နှုတ်မှာဗျား"

စာသင်ခုံပေါ်တင်ပစောင်း ထိုင်ကာလက်ဖြူဖြူသွယ်သွယ်တွေကို တစ်ထိုးထိုးနဲ့ပြောနေသည့် အစ်ကို့သူငယ်ချင်းက မင်းရဲမျက်လုံးထဲ မူနွဲ့နွဲ့။ မင်းရဲဆိုသည်မှာလည်း အခြားသူတွေနဲ့သာ သဘောကောင်းရင်ကောင်းမယ် အဲ့လိုတောခြောက် တောင်ခြောက်တွေနဲ့ဆို သေခြာပေါက်သဘောမကောင်းနိုင်။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now