အပိုင်း ၅

Start from the beginning
                                    

လူတွေနဲ့ဝေးတဲ့ ဈေးအပြင်ဘက်ရောက်မှ ဧကရာဇ်သက်ပြင်း ချရလေသည်။ တော်သေးတာပေါ့ သိတဲ့သူတွေ မတွေ့သွားလို့ တော်သေးတာပေါ့။ ဧကရာဇ်က အမြဲလိုလိုအောက်ခံဘောင်းဘီဝယ်တိုင်း လွဲဆဲလွဲမြဲသာ။

ဟူး......။

သက်ပြင်းခြပြီး မှတ်တိုင်ဆီ လှမ်းလျှောက်နေတုန်း ရိပ်ခနဲချက်ကြီးကို မြင်လိုက်ရသည်မို့ ချက်ကြီးကို လိုက်ကြည့်မိသည်။ ကောင်မလေးတစ်ယောက်နဲ့ လေပေးဖြောင့်ကာ ရယ်မောလို့...။ အမယ် ပြောတော့ပန်းဥကိုမှ ကြိုက်သလေးဘာလေးနဲ့ သြခြလိုက်တာ ချက်ကြီးရာ..။

"ချက်ကြီး!"

"ဘာလဲကွ!"

ဘေးနား၌ညိုပြာ ရပ်​နေသည်ကို ဇာမဏီယောင်ပြီး ပါးစပ်ကလွတ်ခနဲ ထွက်သွားလေသည်။ ဇာမဏီ့ရဲ့ နာမည်ပြောင်က ချက်ကြီး ဆိုတာတစ်ရုံးလုံးကို ဖောက်သည် ခြတော့မှာပဲ။ သိန်းဈာန်ကတော့လေ။

"ငါကတွေ့လို့ခေါ်တာ ဘာရယ်မဟုတ်ပါဘူး မင်းဘယ်လာတာလဲ အဟင်း"

"ကိုယ်သိန်းဈာန်ကော ဘယ်လာတာလဲ"

ညိုပြာက သူတို့နာမည်ခပ်ဆန်းဆန်းတွေကို နားထောင်ကာ မျက်လုံးပြူးနေခြေပြီ။ ဇာမဏီအကျင့်ယုတ်ပြီး သိန်းဈာန်ဘေး လျစ်ခနဲရောက်သွားကာ ခါးဖက်သလိုလိုနဲ့ တင်ပါးကိုဖြတ်ခနဲ ရိုက်လိုက်ကာ နားနားကိုတိုးတိုးလေး ကပ်ပြောလိုက်လေသည်။

"မိန်းမ ကိုယ်အိမ်ပြန်နောက်ကျမှာ ကြောက်နေတာလား"

"မင်း ခွေးကောင်ချက်ကြီး!"

"အင်း ထပ်ပြောလေ"

ဧကရာဇ်မှာ ဘာမှမပြောနိုင်တော့ပဲ စောက်ကျင့် မကောင်းတဲ့ချက်ကြီးကိုဗုန်းခနဲ ထုကာကားမှတ်တိုင်မှာရပ်နေတဲ့ ကားပေါ်ပြေးတတ် သွားလေသည်။ နှာဗူးကောင် စောက်ကျင့်ယုတ်ချက်က တော်ရုံမဟုတ်ဘူး။ ဧကရာဇ်ဘယ်လောက် ​ဒေါသထွက်ထွက် လူကြားထဲမှာမို့ ငြိမ်နေရလေသည်။ အဲ့ဒီဇာမဏီက လူကြားထဲလည်း အရှက်ရှိတာမျိုး မဟုတ်ဘူး။

ဇာမဏီကတော့ လေလိုလျစ်ခနဲ ပြေးသွားတဲ့ သိန်းဈာန်ကို အထုခံရတဲ့​ကျောကိုပွတ်ရင်းကြည့်ကာ မျက်လုံးတွေပိတ်အောင် ရယ်မိလေသည်။ နိုင်လည်းမနိုင်ပဲနဲ့များ...။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now