Xiao Zhan's Baby Wang // 0.1
617 78 5
Unicode
ရှောင်းကျန့်ရှစ်နှစ်အရွယ်မှာပဲ မိဘတွေ ကွာရှင်းလိုက်ကြတယ် ။ နဂိုထဲက အိမ်မှာ သိပ်မမြင်ရတဲ့ ပါပါးဟာ အိမ်ကို လုံးဝပြန်မလာတော့သလို ၊ မာမားအလုပ်ဆင်းတဲ့အချိန်တွေဟာလည်း ပိုပိုနောက်ကျလာခဲ့မှန်း သူသိခဲ့ရပါတယ် ။ မနက်ခင်းတွေဆို ကျောင်းလိုက်ပို့ပေးမယ့်သူ မရှိတော့ဘူး ။ အဲအစား ခြံထောင့်မှာ စက်ဘီးပြာပြာလေးတစ်စီးရောက်လာတယ် ။
တကယ်တော့ လူတွေရဲ့ရင့်ကျက်မှုဟာ အသက်အရွယ်ဆိုတာထက် ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ပိုပြီးဆိုင်ပါသတဲ့ ။ ဆယ်နှစ်အရွယ် ရှောင်းကျန့်ဟာ ပန်းနီနီလေးတစ်ခင်းပျိုးပြီး ဒါန်းပေါ်မှာ ငြိမ်ငြိမ်လေး စာထိုင်ဖတ်နေတတ်တဲ့ကလေးတစ်ယောက်အဖြစ် ကြီးပျင်းလာခဲ့ပြီ ။  ရှောင်းမာမားပြန်အလာကို စောင့်ရင်းပေါ့ ။
အဲနေ့က ပိတ်ထားတာကြာပြီဖြစ်တဲ့ဘေးအိမ်က ဆူဆူညံညံပစ္စည်းရွှေ့ပြောင်းသံတွေ ၊ နေရာချခိုင်းသံတွေ ကြားနေရတယ် ။ လူသစ်တွေ ပြောင်းလာတာဖြစ်မလားလို့ ရှောင်းကျန့် ခေါင်းထောင်ထောင်ကြည့်မိသေး ။ ဆယ်ကြိမ်နဲ့အထက် ခေါင်းထောင်ကြည့်အပြီးမှာတော့ တူညီတဲ့ရှုပ်ယှက်ခတ်နေတဲ့မြင်ကွင်း မဟုတ်ဘဲ မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်း အသည်းယားစရာဝါဂွမ်းလုံးလေးနဲ့ အကြည့်ချင်းစုံသွားတယ် ။ ပြုံးပြတာက ကြောက်စရာကောင်းသွားလို့လား ။ ဘေးအိမ်က ချစ်စရာညီငယ်လေးက ဘာလို့သူ့မာမားနောက်ဝင်ပုန်းသွားရတာလဲ?
~~
အရပ်က အတော်လေးရှည်တဲ့အပြင် ရှောင်းမာမားဝယ်ပေးထားတဲ့စာကြည့်မျက်မှန်ကို တပ်ထားခဲ့တာမို့ အဲနေ့က အဲကလေးလေးက သူ့ကို အများကြီးပိုအသက်ကြီးတယ်လို့ ထင်သွားခဲ့သလား ။ ရှောင်းကျန့်သေချာမသိပါဘူး ။
နောက်နေ့တော့ အိမ်တံခါးလာခေါက်တဲ့ကလေးလေးကို တွေ့လိုက်ရတာပဲ ။ ချစ်စရာကောင်းလိုက်တာ ၊ အဲပါးလေးတွေကို ခပ်ကြမ်းကြမ်းကိုက်လိုက်ရင် စတော်ဘယ်ရီမိုချီလုံးလို အရသာလေးရမလား ။ ကလေးလေး လန့်သွားမှာစိုးတာမို့ ရှောင်းကျန့်အတွေးတွေကို ပိရိသေသပ်စွာ သိမ်းပြီး နှင်းဆီပန်းတစ်ပွင့် လက်ဆောင်ပြန်ထည့်​ပေးခဲ့တယ် ။
Diary of Wangजहाँ कहानियाँ रहती हैं। अभी खोजें