စုတ်တစ်ချက်သပ်လိုက်တဲ့ဝမ်က သူ့ကိုစိတ်ရှည်ပုံမရတော့ဘူး။တောက်စ်လည်း တတောက်စ် တောက်စ်နဲ့ ခေါက်နေသေးတယ်။ထားပါလေ ဝမ် မနမ်းလည်း သူနမ်းမယ်။လူတွေအများကြီးရှိလည်းဂရုစိုက်မတော့ပဲ ဝမ်ရဲ့နူတ်ခမ်းလေးကိုထိကပ်လိုက်တယ်။

ခနကြာတော့ဝမ်က
ရှောင်ကျန့်ရဲ့ရင်ဘတ်ကိုလက်နဲ့တွန်းထုတ်ကာ နူတ်ခမ်းကိုလည်း လက်ဖမိုးနဲ့ပွတ်လိုက်သေးတယ်။

အဲ့လိုအပြုအမူ​ကြောင့် ရင်ကွဲပြီးသေရကြေးဆို ရှောင်းကျန့်ကအခုချိန် ဒီကမ္ဘာမြေကြီးပေါ်မှာရပ်နေနိုင်မှာတောင်မဟုတ်တော့။

"ခန ဝမ် မသွားခင် ငါ့ကို ဒီမှာ signထိုးပေးခဲ့ဉီး"

ကျောင်းuniform အဖြူရောင်ရှပ်ရဲ့ ရင်ဘတ်နေရာကိုလက်ညိုးလေးထိုးကာပြောတော့ ဝမ်က လက်ထဲမှာ ကိုင်ထားသည့်​ဘောပင်နဲ့  signထိုးပေးတယ်။ထိုးထားသည့်လက်မှတ်လေးကို ကိုင်ကြည့်ရင်းးကြည်ကြည်နူးနူးကိုပြုံးမိတယ်။ဝမ်က အမြဲငါ့ရင်ဘတ်နှလုံးသားနေရာရဲ့ပိုင်ရှင်ပဲ။ဝမ့်ရဲ့ ရင်ဘတ်မှာ signထိုးပေးမလို့ပြင်နေတုန်းပဲ ဝမ်ဟာထွက်သွားခဲ့သည်။ပြုံးနေသည့် ရှောင်းကျန့်ရဲ့နူတ်ခမ်းပါးတွေကလည်း တစ်ဟုန်ထိုးပျောက်ကွယ်ကုန်တယ်။ဝမ်ကသူ့ကိုဆိုဘယ်တော့မှအရေးမထားခဲ့ဘူး။သူ့အချစ်တွေကအရမ်းအပေါစားဆန်နေလို့လား...

"ကျန့်"

"ပိုင်ရှို့"

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
"ရိပေါ် အဆင်ပြေရဲ့လား"

"ဟင့်အင်း မပြေဘူး"

ရှောင်းရဲ့ခါးလေးကိုဆွဲဖက်ကာ မျက်နှာကိုဗိုက် မှာ ကပ်လိုက်တယ်။သူတကယ်အဆင်ပြေမနေတာ။

"ဘာစားချင်လဲပြောလေ ရှောင်းး လုပ်ကျွေးမယ်"

💮"ဟီးးဒီမှာ မင်းအတွက်လုပ်လာတဲ့ sandwiches စားကြည့် ဘယ်လိုနေလဲလို့"💮

နားထဲပြန်ကြားယောင်လာတဲ့ စကားတစ်ချို့နဲ့ သွားကြီးကြီး တွေ။အဲ့ဒီပုံရိပ်တွေ ပျောက်လိုပျောက်ညား ခေါင်းကိုခါရမ်းလိုက်တယ်။

"ဘာမှ မစားချင်ဘူးလား ရိပေါ်လေးက"

"Sandwiches!!"

B O G(ZSWW)[Complete] Where stories live. Discover now